တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးဒေါ်ကြူကြူလှမှစစ်တက္ကသိုလ်အမှတ်စဉ်(၆၄) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းဂုဏ်ပြုကဗျာ


        " ဆောင်းအလှ"
----------------------------------------
တစ်မိုးကုန်၍...
တစ်ဆောင်းသစ်ခဲ့ပြန်ပြီလေ။

နှင်းမြူမှုန်ဖွေး ၊ ချမ်းမြအေးသည့်ဟေမန္တဆောင်း ၊ ရာသီပြောင်းသော်ပန်းရင့်ချယ်ရီ
ပွင့်မြဲကို...။

ငွေနှင်းမှုန်ဖွေး ၊ လေချိုအေးသောဆောင်းသစ်ရာသီ ၊ ရောက်ပြန်ပြီဆို
နိုင်ငံ့ရန်စွယ် ၊ အန္တရာယ်ကို
ဖယ်ရှားတွန်းလှန် ၊ ကာကွယ်ရန်တွက်ဇာတိမာန်သွေး ၊ စွမ်းအားပေး၍
စာပေပညာ ၊ စစ်ပညာကို
ဆည်းပူးလေ့လာ ၊ ရိပ်ခိုရာကွန်းစစ်တက္ကသိုလ် ၊ မိခင်အို၏ချမ်းမြေ့ငြိမ်းချမ်း ၊ ရင်ခွင်နန်းမှသားမောင် ဇာနည် ၊ အောင်စစ်သည်တို့
ပြည့်ကျိုးမျှော်တွေး ၊ ဝေးရပ်ကျေးသို့ခြေခွါလှမ်းလို့
သွားမြဲကို...။

အော်...
ရာသီရဟတ် ၊ ချာလည်ပတ်၍
ရက်စားလဟောင်း ၊ နှစ်ကြာညောင်းလည်း
ပန်းရင့်ချယ်ရီနှင့်သားမောင်စစ်သည်တို့ငွေနှင်းမှုန်ဖွေး ၊ ချမ်းမြအေးသော
ဆောင်းဟေမန္တ ၊ အလှပြည့်စုံ
သင်းပျံ့ထုံအောင်စွမ်းဆောင်နေကြမြဲပါကို.....။

#သီရိပြည့်စုံမေ

Post a Comment

Previous Post Next Post