သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့သွယ်တန်း ထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေးတို့အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်တွင် သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်များ ထိပ်ပိုင်းကျိုးပဲပျက်စီးခြင်းနှင့် လဲကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post