ကျွန်တော် တက်ခဲ့ရတဲ့ DSA

ဆရာ/ဆရာမကို ခံပြောဖို့ မပြောနဲ့
လမ်းသွားရင်း မျက်နှာချင်းဆိုင်လာရင် အလေးပြုရတယ်....

ဆရာ/ဆရာမကို လက်ညိုးပြန်ထိုးဖို့ မပြောနဲ့....
ကြိုက်တဲ့ပုံစံ အပြစ်ပေး
မျက်နှာမပျက် လိုက်လုပ်ရတယ်...

ဆရာ/ဆရာမကို ပြန်အော်ဖို့ မပြောနဲ့
ဆူနေရင် သတိကပ်နေအောင်
ဆွဲထားရတယ်...

ဆရာ/ဆရာမကို ပြန်အော်ဖို့ မပြောနဲ့
သူတို့မျက်စိဝှေ့ကြည့်ရင်တာင်
အသည်းယားနေရတယ်...

ဆရာ/ဆရာမကို မချစ်ဘူး မထင်နဲ့
ပြောင်းသွားရင်စစ်သားရင့်မာကြီးတွေ မျက်ရည်ကျတယ်...

ဆရာ/ဆရာမကို မရိုသေဘူး မထင်နဲ့
ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးနေရကြတယ်....

ဆရာ/ဆရာမတွေ မပျော်ဘူးမထင်နဲ့
မထင်မှတ်လောက်အောင် အံ့သြလွန်းလို့ မျက်ရည်ကျတဲ့သူတွေ ဒုနဲ့ဒေးရှိတယ်...

ဆရာ/ဆရာမကို သံယောဇဉ်
မရှိဘူး မထင်နဲ့ ဆရာကန်တော့ပွဲမှာ
ခြေပြတ်နေတဲ့ တပည့်ကို
ဆရာမအဖွားကြီးက ပြေးတွဲတတ်တယ်....

ဒါ....
ငါတို့ရဲ့ စိတ်ဓါတ် ...
သံယောဇဉ် ...
အကြင်နာ....
မင်းတို့ခေတ်  #ဒေဝဒတ်တွေနဲ့
တန်းလာထိုးတာတော့...

ငါ...ရင်နာရတယ်...

   ကိုဖိုးဥာဏ်
Credit

Post a Comment

Previous Post Next Post