(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) က စုပေါင်းသွေးလှူဒါန်း


(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း(YMBA)က ဦးစီးကျင်းပသည့် စုပေါင်းသွေးလှူ ဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင်- ၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀) တို့၌ ပြုလုပ်သည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှ ဒုတိယဉက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာ သန်းထွန်းဦး နှင့် ဦးမင်းမြတ်ဦး၊ အထွေထွေအတွင်းရေးမှူး ဦးထင်ကျော်မိုး၊ တိုင်းဒေသကြီး နှင့် ခရိုင်မြို့နယ်အလုပ်အမှုဆောင်များ၊ မြို့နယ်အသီးသီးမှ အသင်းဝင် သွေးအလှူရှင်များ တက်ရောက်ကြသည်။

ထို့နောက် သွေးအလှူရှင်များက တပ်မတော်ဆေးရုံကြီး(ကုတင်-၁၀၀၀) သို့ သွေးပုလင်း(၆၀)၊ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ကုတင်-၅၀၀)သို့ သွေးပုလင်း(၂၀) စုစုပေါင်းသွေးပုလင်း အလုံး(၈၀)တို့ကို လှူဒါန်းကြရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post