ရန်ကုန်၌ သင်္ကြန်အတွက် ကြိုပြင်ဆင်နေ

ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု ကြေညာထားသည်။

ယခုနှစ်အတွင်း အထိမ်းအမှတ်နေ့များတွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်လေ့ရှိသည့် ပြည်သူ့ရင်ပြင်ထဲတွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များစတင်ဆောက်လုပ်နေသည်ကိုတွေ့ရသည်။

မန္တလေးမှာလည်း ကျုံးဘေးပတ်လည်နှင့် လမ်းမကြီးများပေါ် ရေကစားမဏ္ဍပ်များကို အခွန်မကောက်ဘဲ ဆောက်လုပ်ခွင့်ပြုမည်ဟုကြေငြာထား ကြောင်းသိရှိရသည်။

ကျုံးပတ်လည်နှင့် မြို့ပေါ် မြို့နယ် ၆ ခုတွင် ရေကစားမဏ္ဍပ်များကိုအခွန်ပေးစရာမလိုဘဲ နေရာကို ဦးရာလူစနစ်နှင့် ခွင့်ပြုမည်ဟု မန္တလေးစည်ပင်က ကြေညာထားခြင်းဖြစ်ကြောင်းသိရပါသည်။

#SQ

Post a Comment

Previous Post Next Post