ဦးစိုးမောင်ရဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရုံးချုပ်က လမ်းဘေးတဲစုတ်သာသာနဲ့ ဘယ်လိုအနိုင်ရအောင်လုပ်မှာလဲ...?


ဦးစိုးမောင် ရဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)က တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ မှတ်ပုံတင်ထားတယ်။ သူရဲ့ပါတီရုံးချုပ်ကိုကြည့်လိုက်တော့ ချုံတွေနဲ့ပိတ် နေတဲ့ လမ်းဘေးက တဲစုတ်သာသာပဲ။ ပါတီဆိုင်းဘုတ်ကလည်း အရောင်မရှိ အဆင်း မရှိနဲ့ ဆေးသားမှိန်ပြီး စာလုံးတောင်မပေါ်ဘူး။ အလံတိုင်ကြည့်တော့လည်း ဆွေးမြည့်ပြီး လိမ်ပိန်ရွဲ့စောင်းနေတယ်။ အလံကလည်း အရောင်တောင် မထွက်တော့ဘူး။ ဒီလို ပါတီမျိုးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်ဆိုတော့ ပြည်သူတွေကို ဘယ်လိုမဲဆွယ်စည်းရုံးပြီး ဘယ်လိုများ အနိုင်ရအောင်လုပ်ဦးမလဲ။ သူ့ပါတီရုံးတောင် သားသားနားနားဖြစ်အောင် မလုပ်နိုင်တဲ့သူက တိုင်းပြည်ကို ဘယ်လိုများအုပ်ချုပ်ဖို့ စဉ်းစားပြီး စိတ်ကူးယဉ်နေလဲ မသိဘူး...
#အေးချမ်း

Post a Comment

Previous Post Next Post