အနုပညာရှင်တွေရဲ့ ဟန်ဆောင်အပြုံးတွေမရှိသင့်တဲ့ ၂၀၂၃ အကယ်ဒမီဆုပေးပွဲအပိုင်း (၂)


အခုချိန်ထိ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေကနေပြီး အကယ်ဒမီဆုပေးပွဲအခမ်းအနားကို မတက်ရင် အရေးယူ မယ်ဆိုတဲ့ ကြေညာချက်မျိုး မရှိသေးပါဘူး။ အနုပညာရှင်တွေအနေနဲ့ မိမိဘဝရှေ့ရေး၊ အနုပညာနယ်ပယ်မှာ ရှေ့ဆက်လျှောက်လှမ်းရမယ့် အခြေအနေတွေကို တွက်ဆပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့အတွက် ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ အနုပညာဟာ နိုင်ငံရေး မဟုတ်သလို အကယ်ဒမီဆုပေးပွဲဆိုတာကလည်း နိုင်ငံရေးအတွက် မဲဆွယ်စည်းရုံး ရေးလုပ်တဲ့ပွဲမဟုတ်ဘူး။ အစိုးရအနေနဲ့ကလည်း အကယ်ဒမီဆုပေးပွဲ ပြုလုပ်ပြီး အနုပညာရှင်တွေကို မဲဆွယ်နေတာမဟုတ်ဘူး။ ဒီပွဲဟာ အနုပညာနဲ့သက်ဆိုင်ပြီး မိမိရဲ့ အနုပညာအရည်အသွေးကို အသိအမှတ်ပြုဖော်ကျူးတဲ့အနေနဲ့ အစိုးရက နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ပေးတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးကို တက်သင့်/မတက်သင့် ကိုယ်တိုင် ဆုံးဖြတ်ကြရမှာပါ။ အတင်းတက်ခိုင်းလို့ ဟန်ဆောင်အပြုံးတွေနဲ့ တက်နေရမယ့်အစား ကိုယ်တိုင်ဆုံးဖြတ်ချက်အတိုင်း ဟန်ဆောင်မှုမပါတဲ့ အပြုံးတွေနဲ့ အနုပညာရှင်တွေအားလုံး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ပါဝင်တက်ရောက်သင့်တဲ့ပွဲတစ်ခုလို့ မြင်မိပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)

Post a Comment

Previous Post Next Post