တိုင်းပြည်အတွက် အမုန်းခံကြသူများ


စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကို ပြန်ကြည့်ပါက သမ္မတကြီး ဦးသိန်းစိန်လက်ထပ် တွင် အတွဲညီညီ၊ ပူးပေါင်းဆောင်ရွက်မှုကောင်းကောင်းဖြင့် နိုင်ငံအကျိုး၊ ပြည်သူပြည်သားများအကျိုးကို များစွာဆောင်ရွက်နိုင်ခဲ့သည်။ ကြီးမားသောရလဒ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ NLD အစိုးရလက်ထပ်၌ အစောပိုင်းကာလများတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းခဲ့သော်လည်း ၂၀၂၀ ဝန်းကျင်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြိုင်ဘက်သဖွယ်ဆက်ဆံလာပြီး အက်ကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။
တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အမုန်းခံ၊ အမိုက်ခံပြီး ဆောင်ရွက်ပေးကြခြင်း ဖြစ်သည်။

#ဘိုသူ

Post a Comment

Previous Post Next Post