ပြည်သူတွေ ပျော်ရင် (သို့ )မှန်သောသစ္စာ

အကြို အကြ အကြတ် အတက်...
ဒီနေ့ရက်တွေမှာ...
အရပ်ဝတ် ဝတ်ဖို့ အစီစဉ်မရှိခဲ့ဘူး...

မနက်နေထွက်ပြီဆိုကထဲက..
ယူနီဖောင်းအပြည့်စုံနဲ့
ကျည်ကာအင်္ကျီးအထူကြီးကိုဝတ်
နေပူကြဲကြဲမှာ..အသင့်အနေထားနဲ့
ကျန်တော်တို့ လခရ ယူပေးထားတယ်..
(နှဖူးကချွေးတွေ..မြေထိကျခဲ့တဲ့အထိ). .

ကျန်တော် လခရ ယူပေးနေတုန်း
ကားပေါ်က ဆံပင်အနီရောင်နဲ့ညီလေးက
သံချပ်လေးနဲ့ လှမ်းပြီးစနောက်တယ်
(သူများပျော်လို့မပျော်နိုင်တဲ့)

ဆိုင်ကယ်အသံပြဲကြီးနဲ့
ဝင်လာတဲ့ အကိုကြီးကလဲ
ဒါမင်းတို့တာဝန်ပဲလေတဲ့...

အင်းလေ သူပြောနေတာလဲ
ဟုတ်နေတာကို..

ဒီလိုနဲ့...မဏ္ဍပ်ရှေ့ကို ဖြတ်လျှောက်တော့.
အသက်အရွယ်တူတဲ့ အစ်မကြီးက
တီးတိုးလေးပြောသွားသေးတယ်
(တော်သေးတယ်ငါ့ရီးစားက စစ်သားမဟုတ်လို့တဲ့)

အင်းလေ သူရီးစားကစစ်သားဆို
ဒီအချိန် အတူတူလျှောက်လည်
လို့ဘယ်ရမလဲ...

ရေတွေစိုရွဲအောင်..
အပီပြင်ကဲထားတဲ့.
ကလေးလေးက
ဦးသေနတ်ကြီး မကိုင်ထားနဲ့ကြောက်တယ်တဲ့..
ကေလး ဆိုတော့ ကြောက်မှာပေါ့..
(ဒီနိုင်ငံရဲ့ အခြေနေကိုသူဘယ်သိမှာလဲ)

ဒီလိုနဲ့ နာရီအချိန်တွေအတော်ကြာတော့.
ညီလေး တစ်ယောက်ဘေးနားယောက်လာတယ်
မြန်မာဘီယာဗူးလေး လာပေးရင်း
အကိုတို့ပင်ပမ်းနေမှာပေါ့ ဒါလေးသောက်လိုက်တဲ့..
ကျွန်တော်ကလဲ အားတော့နာတယ်ညီလေး ရေ
အကိုတို့က လခရ မို့ အမွားမခံလို့
ဒီနေ့တော့ ရေကလွဲရင်
ဘာမှမသောက်တော့ဘူးဗျ.
လို့ ငြင်းလိုက်တယ်...

အပူတွေတပြင်းပြင်းနဲ့
သီချင်းသံတွေ တလွင့်လွင့်ကြားမှာ
ဘယ်သူကိုမွ စိတ်ထဲမထားပဲ
လုံခြုံရေးသာ ဦးစားပေးနေမိတယ်....

ဘာမှမစားသောက်ထားပေမဲ့
ဗိုက်လဲ မဆာခဲ့ဘူး..
ဘာလို့လဲဆိုတော့
ဒီပြည်သူတွေပျော်တာမြင်နေရရင်
ကျေနပ်နေရတဲ့ဘဝမို့

......

ကျန်တော်တို့ရေမစိုလဲ ပြည်သူတွေ
တကယ်ပျော်ရင်
ပင်ပန်းရကျိုးနပ်ပါပြီဗျာ...

#credit
သင်္ကြန် လုံခြံရေးတာဝန်ယူနေသော ရဲဘော်အားလုံး အားလေးစားလျက်ပါ....

Post a Comment

Previous Post Next Post