နွေဦး လေရူးရဲ့ အသုံးချခံအဖြစ်ကအမြန်ဆုံးလွှတ်မြောက်ရာလမ်းကို လှမ်းနိုင်ကြပါစေလို့

အခုလိုပါဘဲ....တစ်ချိန်က
အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (မဒတ)
တစ်ပြည်လုံးတောခို ၂၂.ဖွဲ့
မာနယ်ပလော၊KNU'ဌာနချုပ်မှာစုစည်းပြီး
ဗိုလ်ချုပ်မြ ဥက္ကဌတာဝန်ယူ ဦးဆောင်မှု နဲ့တစ်ပါတီ
အာဏာရှင် မဆလ' စစ်အစိုးရကိုအပြုတ်တိုက်မယ်
မြို့တွေရွာတွေသိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ကြမယ် ဆိုတဲ့ နိုင်ငံရေးသမားတွေ အလှုခံစားကောင်းရုံကြွေးကြော်သံတွေအောက်မှာ ငါတို့တော်လှန်ရေးတက်လူငယ်တွေ
လှော်ရင်းအော်ရင်း နိုင်ငံရေး ရေတိမ်မှာနစ်ခဲ့ကြရတာ ကိုယ်တွေ့ပါ ။

အခု မင်းတို့ရဲ့ ခေတ်သစ်စစ်အာဏာရှင်ဖြုတ်ချရေး
မဆလ' အစား မအလ' ဖြစ်လာခဲ့တယ်၊
မနိုင်တာတော့ အတူတူပဲ။

ငါတို့ခေတ်က နယ်စပ်ဒေသ
တိုင်းရင်းသားလက်နက်ကိုင်အများစုဟာ
မှောင်ခိုလမ်းကြောင်းတွေဝင်ငွေကောင်းခဲ့လို့ အမေရိကန်/ ဗီယက်နမ်စစ်ကျန်တွေနဲ့အလှုခံစရာမလိုဘဲ ခဲယမ်းအပြည့်အစုံနဲ့ စစ်တပ်ကို
တိုက်ခဲ့ကြတယ် ၊
ဒါပေမဲ့ တပ်မတော်စိုးမိုးထိန်းချုပ်ထားတဲ့
မြို့ရွာစခန်းတွေကို ပစ်ပြေး မီးရိူ့ ထက်ပို
မလုပ်နိုင်ခဲ့ဘူး ၊
အခု မင်းတို့ခေတ်
လက်လုပ် ဗုံး/ဒရုန်းတွေနဲ့
ကားစီး ဗီဒီယိုရိုက် စစ်တိုက်
လေယာဉ်လိုက်ပစ် ထွက်ပြေး ၊
လိုင်းပေါ်တက် အလှုခံ ပစ်ပြေး မီးရိူ့
ဒီထက္မပိုပါဘူး ၊
ဒါကြောင့်မို့ တော်လှန်ရေးလုပ်စား
ကြောင်ဖားကြီးတွေရဲ့လက်မှာ တန်ဖိုးရှိတဲ့
မင်းတို့အသက်တွေကို စတေးခံနေကြရတဲ့.
နွေဦး လေရူးရဲ့ အသုံးချခံအဖြစ်က
အမြန်ဆုံးလွှတ်မြောက်ရာလမ်းကို လှမ်းနိုင်ကြပါစေလို့.....

အောဆွန့်လားဆိုင်
                  မေတ္တာ ရည်လျှက်
စောကြယ်ဖြူ

တစ်ချိန်က KNLA'အထူးတပ်ရင်း (၁၀၁)စစ်သားဟောင်း

Post a Comment

Previous Post Next Post