ပြည်သူ့ဘဏ္ဏာ ဒေါ်လာသန်းတစ်ထောင် USD 1 b ကို အမေရိကန်က ဘာလို့ သိမ်းနိုင်ရတာလဲ

ပထမ ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ ပွင့်လင်းမြင်သာရမယ့် ဘဏ္ဏာရေးစည်းမျဉ်းကို  နားလည်သလောက်ပြောပါရစေ

နိုင်ငံတော်ဘတ်ဂျက် ရသုံး ငွေစာရင်းဆိုတာကို လျာထားသုံးရပါတယ်။
ဒီလိုလျာထားတဲ့အချိန်မှာ နိုင်ငံတော် ဒုသမ္မတ တစ်ယောက်ကဦးစီးတဲ့ ဘဏ္ဏာရေးကော်မရှင်က ကြီးကြပ်ရပါတယ်။

ပထမ ဝန်ကြီးဌာနလိုက်နဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေရဲ့ ဘက်ဂျက်တစ်နှစ်စာ ရသုံးတွေကိုလျာထားကြပြီး ဘဏ္ဏာရေးကော်မရှင်ကိုတင်ပြရတာပါ၊

ဘဏ္ဏာရေးကော်မရှင် ဒါတွေကိုစုစည်းပြီး ဖြည့်စွက်၊ဖြတ်တောက်၊အတည်ပြုပြီးမှ အစိုးရအဖွဲ့ကိုတင်ရတာပါ။

အစိုးရအဖွဲ့က ဒီ ဘက်ဂျက်လျာထားချက်ကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဘက်ဂျက်ဥပဒေပြဌာန်းပြီးအစိုးရကိုပြန်ပို့မှ အစိုးရက ဒီဘက်ဂျက်လျာထားမှု့အတိုင်းသုံးရတာပါ။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မီတီကို( အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်အဆင့်တွေနဲ့မရပါဘူး) အစိုးရကပို့လို့ရောက်လာတဲ့ ဒီဘတ်ဂျက်စာရင်းကိုလဲ လွှတ်တော်အနေနဲ့ ပြည်သူ့ဘက်ဂျက်စီစစ်ရေးအဖွဲ့ငယ်တွေခွဲပြီး အဖွဲ့တစ်ဖွဲ့ကို ဝန်ကြီးဌာန/ပြည်ထောင်စုအဆင့်  ဘက်ဂျက် နှစ်ခု သုံးခုစီခွဲစီစစ်ကြပါတယ်၊ လိုသလို ဖြည့်စွက်( ဖြည့်စွက်လေ့သိပ်မရှိပါဘူး) ၊ စီစစ် ဖြတ်တောက်ပြီး ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မီတီကိုပြန်ပို့ရပါတယ်၊ အဖွဲ့ငယ်တွေက စီစစ်ဖြတ်တောက်အတည်ပြုလိုက်တဲ့ဘတ်ဂျက်ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မီတီမှာ ထပ်စီစစ်ဆွေးနွေးပြီးမှ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မီတီက နိုင်ငံတော်ဘတ်ဂျက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အမတ်တွေအားလုံး နဲ့ ဘတ်ဂျက်တင်တဲ့ဝန်ကြီးဌာနတွေပြန်ဆွေးနွေးကြပြီးမှ  ပြန်ဆွေးနွေးအတည်ပြုကြပြီးမှ  ဘတ်ဂျက်ဥပဒေကြမ်းက ဥပဒေဖြစ်ပြီး အစိုးရက သုံးစွဲလို့ ရ  တာပါ ။

ပြောခြင်တာက နိုင်ငံတော်က သုံးစွဲမယ့် ငွေတွေအားလုံးဟာ အဆင့်ပေါင်းများစွာ စီစစ်ဖြတ်ကျော်ပြီး လွှတ်တော်က ဥပဒေပြဌာန်းပေးမှ နိုင်ငံခြားငွေအပါအဝင် ဘက်ဂျက်ငွေသုံးရတာပါ၊ နိုင်ငံခြားကို ပေးရတာပါ၊နိုင်ငံခြားက ယူရတာပါ၊ ဒါပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ ဘဏ္ဏာရေးစည်းမျဉ်းပါဘဲ။

ဒီတော့ ဘယ်ဝန်င်္ကြးဌာန ဘယ်ပြည်ထောင်စုအဖွဲ့အစည်းတစ်ခုခုကမှလည်းမသိ၊ အစိုးရကလည်းမသိ၊ဒုသမ္မတဦးစီးတဲ့ ဘဏ္ဏာရေးကော်မရှင်ကလည်းမသိ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မီတီကလည်းမသိ၊ လွှတ်တော်အသီးသီးက ဘတ်ဂျက်စီစစ်ရေးအဖွဲ့တွေကလည်းမသိ  ဘယ်သူတွေမှမသိဘဲ( မသိခြင်ယောင်ဆောင်ပြီးပြည်သူကိုသစ္စာဖေါက်တာလဲဖြစ်နိုင်) ပြည်သူ့ဘဏ္ဏာ ဒေါ်လာသန်းတစ်ထောင်(ကျော်နိုင်ပါတယ်) ဟာ အမေရိကန်က ဘာလို့ သိမ်းနိုင်သွားရတာလဲ၊ ဘယ်လိုရောက်သွားတာလဲ၊ အစိုးရ လွှတ်တော်တွေကမသိဘဲ ဘယ်သူ့လမ်းကြောင်းနဲ့အပြင်ကိုစီးဆင်းရောက်ရှိသွားပြီးသိမ်းခံလိုက်ရတာလဲ။ ဒီလို ပါဝါ မျိုး ဘယ်သူ တစ်ဦးတစ်ယောက်မှာရှိနေလဲ။ ဒီလူက ဒီမိုကရေစီဆိုလို့ပြောနေတဲ့ အာဏာရှင်လား။ ဒီမိုကရေစီရဲ့ ပွင့်လင်းမြင်သာတဲ့ဘဏ္ဏာရေးစည်းမျဉ်းကိုချိုးဖေါက်နိုင်တာ အာဏာရှင်ဘဲရှိပါတယ်။

ဒုတိယ  EHM လို့ခေါ်တဲ့ စီးပွားဖျက်သူလျိုအကြောင်း လေ့လာသိသလောက်ပြောပါ့မယ်။

EHM ဆိုတာဟာ အစိုးရတစ်ရပ်ရပ်ရဲ့ နိုင်ငံ့စီးပွားရေးတွေ၊နိုင်ငံတကာနဲ့ဆက်ဆံလုပ်ကိုင်ရတဲ့ စီးပွားရေးကိစ်စတှေ၊နိုငျငံတျောအဆငျ့စီမံကိနျးကွီးတှေ၊ FDI လို့ခေ့ါ်တဲ့နိုင်ငံခြားရငါးနှီးမြှုပ်နှံမှု့ဆိုင်ရာကိစ္စတွေ၊ WB လို ADB လို ကမ္ဘာ့ဘဏ္ဏာရေးအဖွဲ့တွေနဲ့လုပ်တဲ့ကိစ္စတွေ၊ ဂျိုက်ကာ၊ကွိုက်ကာ လို တစ်နိုင်ငံချင်းအကူညီပေးတဲ့စီးပွားရေး အထောက်ကူကိစ္စတွေ၊ODAကိစ္စတွေ ဒီလို တိုငံတော်အဆင့် ဘက်ဂျက်စီးပွားရေးတွေကို အမှန်ကိုအမှားဖြစ်အောင်၊အမှားကိုအမှန်ဖြစ်အောင်၊ လိုတစျမြိုးမလိုတစျမြိုးနဲ့ အစိုးရကိုဖျက်ဆီး၊ပျက်စီးစေတဲ့ အကြံပေးတွေ၊ဝန်ထမ်းတွေ(ဝန်ကြီး/စမတ/သမတအထက်ကလူ အဆင့်တွေပါ ပါနိုင်)လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ EHM တွေပါဘဲ။

ဥပမာ  တရုတ်ရဲ့ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဟာ ကြွေးမြီထောင်ချောက်ဖြစ်တယ်မလုပ်သင့်ဘူးဆိုပြီးအကြံပြုဖျက်ဆီးတာမျိုးပါ၊ အမှန်က ဒီဆိပ်ကမ်း အောင်မြင်ရင် 
စင်္ကာပူတို့တို့၊မလေး တို့လို မလက္ကာရေလက်ကြားနဲ့စီးပွားဖြစ်တဲ့နိုင်ငံတွေစီးပွားပျက်ပြီး တရုတ်ရဲ့ အန္ဒိယ သမုတ်တရာထွက်ပေါက်ရခြင်း၊မလက္ကာမဖြတ်ဘဲတရုတ်က ရေနံတွေသယ်နိုင်ခြင်း၊ BRI  ထွက်ပေါက် ကိုပိတ်ဆို့စေခြင်း စသည်စသည်အချက်တွေကြောင့်ကျောက်ဖြူ ဆိပ်ကမ်းကို သေးသိမ်အောင် လိမ်ဘာအကြံပြုတဲ့ အကြံပြုမှု့လုပ်တဲ့သူဟာ EHM ပါ။အမေရိကန် စင်္ကာပူနဲ့ မလေးတို့အလိုကျ မမှန်တဲ့အကြံပြုစီးပွးဖျက်သူလျိုပါ။ဒါဥပမာတစ်ခုမျှသာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အကြံပြု ရာကျော်ငှားထားတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ EHM ဘယ်နှစ်ယောက်ပါသလဲ မသိနိုင်ပါဘူး။
ခန့်မှန်းရသလောက် ဆိုရော့ဂိုဏ်းသားတွေနဲ့ ရှောင်တာနယ်လို လူမျိုးတွေကတော့သေချာပါတယ်၊ ဆိုရော့က ၁၉၉၇ ပါတ်ဝန်းကျင်က အာဆီယံနိုင်ငံတော်တော်များများကို စီးပွားဖျက်ဖူးတာမှတ်မိကြမှာပါ။

ကိုင်း ကိုင်း    အာဏာရှင်မဟုတ်သော စစ်မှန်တဲ့ ဒီမိုကရေစီ
အစိုး တစ်ရပ်ရဲ့ ပွင့်လင်းမြင်သာမှု့ရှိတဲ့ ပြည်သူ့ဘဏ္ဏာ ဘတ်ဂျက်စီမံခန့် ခွဲမှု့အကြောင်းနဲ့ EHM ဆိုတာ ဘာလဲဆိုတာတွေကို ပြောပြီးပြီဆိုတော့  မြန်မာ့ ပြည်သူ့ဘဏ္ဏာ ဒေါ်လာ သန်းတစ်ထောင်ကျော် ဘယ်သူ့ကြောင့် ဘယ်လို လုပ်အမေရိကန်က သိမ်းသွားနိုင်တာလဲ ဆိုတာ ကိုယ့်ဘာသာ သာ စဉ်းစားကြပါတော့။

မောင်ရိုး

(  ပြည်ထောင်စုလွှတ်တော် ဘတ်ဂျက် ဥပဒေများ ဘ၊ အစိုးရ ဘဏ္ဏာရေးစည်းမျဉ်းများနှင့် စာရေးဆရာ ဂျွန် ပါကင် ရေးသားသော  Confession of an Economic Hit Man ဘာသာပြန်စာအုပ်ကိုမှီငြမ်းပါသည်။)

Post a Comment

Previous Post Next Post