Eaos များနှင့် PDF များ သိုသိပ်စွာသဂြိုဟ်နေ

လက်နက်ကိုင်နယ်မြေနှင့် PDF များရှိတဲ့နေရာများတွင် တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ၎င်းတိုထောက်ခံ မီဒီယာများတွင် တပ်မတော်သားကျဆုံးမှုများ တသွင်သွင် Highlight ထား တင်နေကြသော်လည်း PDF များနှင့် EAos ကျဆုံးမှုများ သိုသိပ်စွာ သဂြိုဟ်နေကြရပြီး မိဘများကိုပင် အကြောင်းမကြားရကြောင်း မြေပြင် PDF များထံမှ သိရပါတယ်။

တောတွင်းရှိ PDF လူငယ်များရဲ့ ပြောဆိုချက်အရ PDF များဝင်တဲ့သူ မရှိတဲ့ပြင် ရှိတဲ့သူတွေကလည်း ပြန်တဲ့သူတွေက ပြန်၊ ကျတဲ့သူတွေကလည်း ကျ ဖြစ်နေကြောင်း သိရပါတယ်။

ထို့အတူ NUG အသိအမှတ်ပြု PDF များ အပေါ်သာ လက်နက်များ ထောက်ပံ့သင့်သလောက် ထောက်ပံခြင်း နှင့် အခြားသော PDF များ အပေါ် ထောက်ပံ့ခြင်း မရှိ တာကြောင့် မြေပြင် PDF များအကြား အဖွဲ့များကွဲကာ ရပ်တည်၍ မရနိုင်တာကြောင့် တချို့ဒေသများတွင် ပြည်သူများအပေါ်  အချိုးကျ ကောက်ခံခြင်းများ၊ အဖွဲ့ များ ဖျက်သိမ်းပျောက်ကွယ်သွားရတဲ့ အနေအထားတွေ အထိ ဖြစ်ပွားမှုများ များပြားလျက်ရှိနေကြောင်း မြေပြင် သတင်းများအရ သိရှိရပါတယ်။
#MinZawLwin

Post a Comment

Previous Post Next Post