၂၀၂၃ မှာ မြန်မာပြည်ပြန်မယ့်သူကို မဖြစ်နိုင်ဘူးဆိုတာ သက်သေပြနေတဲ့ ပို့စ်တစ်ခု


မကြာသေးခင်ကာလက စစ်တပ်က CDM ဝင်ရောက်ထားတဲ့ စစ်သားတွေကို တတိယနိုင်ငံတော်ကို ပို့ပေးမယ်၊ ထောက်ပံ့မယ်ဆိုပြီး ပြောဆိုထားပေမယ် ယနေ့အထိ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးဆိုတဲ့ အကြောင်းကို ညီသုတ ထုတ်ဖော်ပြောဆိုလာခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။

ထို့အတူ CDM စစ်သားတွေကို လူမသိ သူမသိ သူလျှိုဆိုတဲ့ ခေါင်းစဉ်တပ် သတ်ဖြတ်မှု များစွာလုပ်ခဲ့ကြသလို တချို့ဆိုရင် လသားအရွယ်လောက်ပဲရှိတဲ့ မိသားစုလိုက် သတ်ဖြတ်ခံရမှုတွေပါ ရှိခဲ့တယ်ဆိုတာ အတွင်းသတင်းတွေအရ ကြားသိခဲ့ရတာကြောင့် ရေးသားခဲ့ဘူးပါတယ်။

ယမန်နေ့ကဆိုရင်လည်း CDM စစ်သား ၇ ဦးအား သူလျှိုအဖြစ် စွပ်စွဲခံထားရမှုအား KIA နဲ့ NUG အပေါ် တောင်းဆိုကြောင်း ညီသုတ ထုတ်ပြောလာတာကို ကြည့်ခြင်းအားဖြင့် CDM စစ်သား တွေအပေါ်မှာ မယုံကြည့်မှုတွေ ဘယ်လောက်ရှိနေလဲဆိုတာ အထင်းသားပေါ်လွင်နေပါတယ်။

ဒီအရေးအသားအပေါ်  NUG အပေါင်းအပါ တသိုက်ကြိုက်မယ့် အနေအထားမရှိသလို ရေးသားသူကိုယ်တိုင် ပို့စ်ကိုဖျက်ပေးလိုက်ရပြီလို့လည်း ကြိုတင် အသိပေးပါရစေ။
#MinZawLwin

Post a Comment

Previous Post Next Post