ကိုယ့်အလုပ် ကိုယ်လုပ်ကြရမည်

ယနေ့ညနေပိုင်းကပဲ စီနီယာအမျိုးသမီးအသင်း
ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့
ရပြီပဲဖြစ်ပါတယ်

ဆီမီးဖိုင်နယ်အဆင့်ကို လွယ်လွယ်ကူကူနဲ့ တက်
ခဲ့တာမျိုးမဟုတ်ဘဲ ကြိုးကြိုးစားစားနဲ့ ကိုယ်လုပ်
ရမယ့် အလုပ်ကို ပီပီပြင်ပြင် လုပ်ခဲ့ကြလို့သာ
အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်

ထို့အတူ အမျိုးသားအသင်းဟာလည်း မနက်ဖြန်မှာ
ဖိလစ်ပိုင်အသင်းနဲ့ ‌တွေ့ဆုံရမှာဖြစ်ပြီး ကိုယ့်ခြေ
ကိုယ်လက်နဲ့ ကိုယ်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်
ရရှိထားတာလည်းဖြစ်တယ်

( ၂၀၁၁ ) ခုနှစ်နောက်ပိုင်းက ဆီးဂိမ်းပြိုင်ပွဲတွေမှာ
မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ ( ၄ ) ကြိမ်
တွေ့ဆုံခဲ့ဖူးပြီး ( ၄ ) ကြိမ်စလုံးကို မြန်မာအသင်း
ကပဲ အနိုင်ရရှိထားတာဖြစ်လို့ ပထမအချက်အနေနဲ့
အစဉ်အလာအားဖြင့် အသာစီးရနေတာဖြစ်ပါတယ်

နောက်တစ်ချက်အနေနဲ့က ဖိလစ်ပိုင်အသင်းဟာ
( ၃ ) ပွဲကစား ၊ နိုင်ပွဲမရှိဘဲ ဇယားအောက်ခြေက
အသင်းဖြစ်လို့ စိတ်ဓာတ်ပိုင်းရော ၊ ခြေစွမ်းပိုင်း
အရ လက်ရှိမှာ မြန်မာအသင်းက အသာစီးရရှိ
နေတာလည်း ဖြစ်တယ်

ပြောခဲ့ဖူးသလိုပဲ မြန်မာအသင်းအနေနဲ့ က
ဖိလစ်ပိုင်ကို အနိုင်ရဖို့ဆိုတာ သိပ်ပြီးခက်ခဲတဲ့
ကိစ္စမဟုတ်ပေမယ့် ပွဲစဉ်ကိုတော့ ဖိဖိစီးစီးနဲ့
ကစားပြီး ပြတ်ပြတ်သားသား အနိုင်ယူကာ
ဆီမီးဖိုင်နယ်အဆင့်နဲ့ ထိုက်တန်ကြောင်း သက်သေ
ပြကြရမှာဖြစ်တယ်

အင်ဒိုအသင်းအနေနဲ့ အိမ်ရှင်အသင်းကို ဘယ်လိုပဲ
ကစားကစား ၊ ကိုယ့်အသင်းကတော့ ကိုယ်လုပ်ရ
မယ့် အလုပ်ကို ပီပီပြင်ပြင် လုပ်ရပါလိမ့်မယ်

ပရိတ်သတ်တစ်ဦးအနေနဲ့တော့ မြန်မာအသင်း
အနိုင်ရလိမ့်မယ်လို့ အပြည့်အဝယုံကြည်နေပြီး
ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်
ပါတယ်

ပြောခဲ့တဲ့ စကားကို ထပ်ခါထပ်ခါ ပြန်ပြောရရင်
ဘာကိစ္စပဲရှိရှိ ပရိတ်သတ်ကို မျက်နှာမူပါ ...
ပရိတ်သတ်အတွက် ကစားပါ
ပရိတ်သတ်တွေရဲ့ မေတ္တာကို ခံယူကြပါ ........ ။

Post a Comment

Previous Post Next Post