နိဂုံးမလှတဲ့ CDM စစ်ပြေးများရဲ့ နောက်ဆုံးအခြေအနေ


KNU နယ်မြေထဲမှာ CDM စစ်ပြေးတွေထဲက စကစလွှတ်လိုက်တဲ့ သူလျှိုတွေကို ဖော်ထုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်တဲ့သတင်းတွေ မကြာခဏမြင်တွေ့ကြားသိ‌နေရ
ပါတယ်။

CDM စစ်ပြေးအစစ်လား၊ CDM စစ်ပြေးအယောင်ဆောင်သူလျှိုလားဆိုတာ အငြင်းပွားဖွယ် ဖြစ်ပေမယ့် အမှန်တကယ် CDM စစ်ပြေးအယောင်ဆောင်ပြီး သူလျှိုလုပ်သူများကြောင့် KNU စခန်းတွေ မြေပုံညွှန်းအတိအကျ ဗုံးကြဲခံနေရသလို လက်နက်ခဲယမ်းပေးပို့မှုတွေလည်း မကြာခဏအဖမ်းခံနေရတယ်လို့ EAOs တွေက ထင်မြင်ယူဆနေကြပါတယ်။

KNU လိုမျိုး KIA နယ်မြေမှာလည်း CDM စစ်ပြေးသူလျှိုဇာတ်လမ်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး ဒီလိုသတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာတဲ့ အကြောင်းအရင်းကလည်း CDM စစ်ပြေးတွေကပဲ လူမှုကွန်ရက်ပေါ်မှာ သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်အံထုတ်ဖော်ပြောကြားမှုတွေကြောင့် ဖြစ်ပါတယ်။

အထူးသဖြင့် KIA နယ်မြေမှာ တပ်မဟာ (၉) နယ်မြေ၊ အနန့်ပါ ဗုံးကြဲမှုဖြစ်စဉ်မှာ စခန်းနေရာ၊ ညစာစားပွဲ ပြုလုပ်တဲ့အချိန်၊ အဆောက်အဦးတွေအထိ အတိအကျ စကစထံသတင်းပေါက်ကြားခဲ့လို့ KIA အထိနာခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒါ့ကြောင့် KIA နယ်မြေထဲမှာ ရောက်ရှိနေတဲ့ CDM စစ်ပြေးဆိုသူတွေကို စောင့်ကြည့်ဖော်ထုတ်ကာ မသင်္ကာဖွယ်ရာ စစ်ပြေး ၁၀ ဦးကို သေဒဏ်ပေးခဲ့ပြီး အခုလည်း မိုးကြိုးပြောက်ကြားအဖွဲ့က ခေါင်းဆောင် ဆိုင်ဂုံ (အမည်ရင်း ဗိုလ်ကြီးသူရိန်ဝင်း) နဲ့ ၆ ဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့
သတင်းတွေထွက်ပေါ်နေပါတယ်။

မကွေးတိုင်း၊ သရက်ခရိုင်ထဲမှာ KIA နဲ့ ပူးပေါင်းပြီး လှုပ်ရှားတဲ့ မိုးကြိုးပြောက်ကြားအဖွဲ့မှာ CDM စစ်ပြေးဗိုလ်ကြီးဟောင်း သူရိန်ဝင်း (အမည်ဝှက်ဆိုင်ဂုံ)ဟာ စစ်ရေးဖော်ဆောင်မှုမလုပ်ပဲ KIA၊ PDF တွေရဲ့ တပ်တည်၊ လှုပ်ရှားရာလမ်းကြောင်း၊ လက်နက်ခဲယမ်းစုဆောင်းမှုတွေကို အခြားသူထံပေးပို့ထားတဲ့ အထောက်အထားတွေရရှိခဲ့လို့ KIA နယ်မြေကို ခေါ်ပြီး ဖမ်းချုပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သူရိန်ဝင်းဟာ စစ်တပ်မှာနေခဲ့စဉ်ကလည်း ဘာပြစ်မှုမှမရှိပဲ စစ်ဓာတ်ကောင်းမွန်သူတစ်ဦးဖြစ်လို့ အခုလို စစ်ပြေးဆိုပြီး တိုင်းရင်းသားနယ်မြေ ရောက်လာခြင်းဟာ မသင်္ကာစရာဖြစ်တယ်လို့ KIA အဖွဲ့က သုံးသပ်ထားပါတယ်။
သူရိန်ဝင်းအပါအဝင် CDM စစ်ပြေး ၇ ဦးကို KIA ဖမ်းဆီးထားမှုက ကာလအတော်ကြာနေပေမယ့် CDM စစ်ပြေး ညီသုတရဲ့ တောင်းဆိုချက်ကြောင့် လူအများစိတ်ဝင်စားလာရခြင်းဖြစ်ပါတယ်။

အဖမ်းခံရသူများဟာ CDM စစ်ပြေး အယောင်ဆောင် သူလျှိုအစစ်ဟုတ်၊ မဟုတ် ခိုင်မာတဲ့ သက်သေမရှိဘူးလို့ ညီသုတက ပြောနေပေမယ့် KIA ကရရှိထားတဲ့ အထောက်အထားတွေအရတော့ သူလျှိုမဟုတ်ရင်တောင် KIA ကို သစ္စာဖောက်ပြီး စစ်တပ်ကို ပြန်လည်ခိုလှုံသွားနိုင်တဲ့ CDM စစ်ပြေးတစ်ယောက်ဖြစ်မယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

ဒါ့ကြောင့် CDM စစ်ပြေးတို့ရဲ့ လာရာလမ်းအတိုင်းဗကသူရိန်ဝင်းနဲ့ အပေါင်းအပါများရဲ့ နိဂုံးကတော့ တောတွင်း ဥပဒေနဲ့အညီ သေဒဏ်ပဲဖြစ်ပါတယ်။ မသေခင်ရက်ရက်စက်စက်ညှင်းပန်းနှိက်စက်မ
ခံရအောင်ပဲ ဆုတောင်းပေးလိုက်ချင်ပါတယ်။

Post a Comment

Previous Post Next Post