အနောက်အုပ်စု၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ဆော်ဒီအာရေးဗျအစိုးရပြော

အနောက်အုပ်စု၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ဆော်ဒီအာရေးဗျအစိုးရပြော

ဆော်ဒီအာရေးဗျနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်မှုများ မပြုလုပ်လိုဘဲ ပူးပေါင်းဆောင်ရွက်မှုများကိုသာ လုပ်ဆောင်လိုကြောင်း ဆော်ဒီအာရေးဗျစွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ထို့အပြင် တရုတ်နှင့် ဆော်ဒီအာရေးဗျနိုင်ငံကြား မြင့်တက်လာသော ဆက်ဆံရေးများနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများ၏ သံသယများကို ဆော်ဒီအာရေးဗျနိုင်ငံက လျစ်လျူရှုထားကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သည့်နိုင်ငံဖြစ်သော ဆော်ဒီအာရေးဗျနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးစွမ်းအင်သုံးစွဲသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးများရှိကြောင်းလည်း သိရပါတယ်။

အမေရိကန်နိုင်ငံက စိုးရိမ်မှုများရှိနေသော်လည်း တရုတ် နှင့်် ဆော်ဒီအာရေးဗျနိုင်ငံတို့သည် လုံခြုံရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post