အညာမြေသွေးနဲ့ ခြေဆေးနေတဲ့ ဂွမ်မော်


အညာသားတွေ သိပ်ရိုးသားကြတယ်။

အလှူရေးစက်လက်နဲ့မကွာသလို ထေရ်ကြီး ဝါကြီးဆရာတော် ဘုရားကြီးတွေလည်း အပြိုင်ပြိုင်ထွန်းလင်းခဲ့တဲ့မြေ..

ယနေ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဥ်တစ်ခုကို ခြေပြုရာမှ လူရိုးကြီးတိုရဲ့ စစ်ကိုင်းမြေဟာ လူရိုင်းကြီးတို ကြီးစိုးသွားကြလေရဲ့

ချင်းတွင်းနဲ့ ဧရာ၀တီမြစ်ဝှမ်းကြားမှာ PDF+KIAအကြမ်းဖက်အဖွဲများဟာ ဒေသခံပြည်သူတွေကို အကြောက်တရားနည်းလမ်းနဲ့ စည်းရုံးသိမ်းသွင်းပြီး သူပုန်ထလိုက်တာ ခုချိန်ထိ စစ်မီးကတောက်နေတုန်း

နှစ်ပေါင်းရာချီတည်ဆောက်လာခဲ့ကြတဲ့ ကျေးရွာတွေလည်း မီးလျှံကြားမှာ ပြာပုံအတိနဲ့…

ဖြစ်ပျက်နေတဲ့အနေခြအနေကို ခြုံငုံကြည့်ရမယ်ဆိုရင် စစ်ကိုင်းတိုင်းဟာ ကချင်ပြည်နယ် ချင်းပြည်နယ် မကွေးတိုင်း မန္တလေးတိုင်းတိုနဲ့ ဆက်စပ်လျက်ရှိပါတယ်

အဲဒီတိုင်းနဲ့ပြည်နယ်တွေထဲမှာမှ အင်အားကောင်းတဲ့ ပြည်တွင်းသောင်းကျန်းသူ အကြမ်းဖက်သမားအဖွဲရှိတာကတော့ ကချင်ပြည်နယ်ပါပဲ

ဗမာအခက် ကချင် အချက်ဆိုတဲ့အကွက်ကိုသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး KIA အကြမ်းဖက်အဖွဲဟာ စစ်ကိုင်းတိုင်းကို စစ်တလင်းဖြစ်အောင်ဖန်တီးလိုက်တာပါပဲ

ရိုးရိုးလေးကြည့်မယ်ဆိုရင်တော့ တပ်မတော် အာဏာထိန်းလို တော်လှန်တယ်ပေါ့

ပြောသလောက်မရိုးရှင်းပါဘူး NLD အစိုးရအဖြစ်တာ၀န်ယူစဥ်ကတည်းက ဒါတွေဖြစ်ရင် ဒီလိုလုပ်ဖို ကြိုတင်ပြီး Plan ချခဲ့ပြီးသားပါ… ဘာကြောင့်ပြောနိုင်လည်းဆိုတော့ KIAထုတ်လက်နက်တွေတွေအများအပြားဖမ်းမိခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ်

ဆိုတော့
KIA ဆိုတာကလည်း ၂၀၁၂ ခုနှစ်တုန်းက သူတိုဌာနချုပ်ဖြစ်တဲ့ လိုင်ဇာပတ်လည်ကို စစ်ကြောင်းတွေအသင့်နဲ့ သိမ်းမလို လုပ်ချိန် သမ္မတဟောင်း ဦးသိန်းစိန်ကြောင့် ယနေ့ထိ သက်စိုးရှည်ခဲ့ရတာ

အဲဒီတော့ ယခင်လိုအခြေအနေမဖြစ်အောင် တပ်မတော်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကြည်းလမ်းကြောင်းနဲ့ ရေလမ်းကြောင်းကိုထိန်းချုပ်ဖိုပါပဲ

ကြည်းလမ်းကြောင်း(၁)

မန်းလေး-ရွှေဘို-အင်းတော်- ကချင်လမ်းဖြစ်ပြီးကားလမ်းနဲ့ရထားလမ်းဖြစ်ပါတယ်။

ကြည်းလမ်းကြောင်း(၂)

မန်းလေး- မတ္တရာ-တကောင်း-ငအိုး-ကချင်လမ်းဖြစ်ပြီးကားလမ်းသက်သက်ဖြစ်ပါတယ်။ ဒီကြည်းလမ်းကြောင်း၂ခုကဧရာဝတီမြစ်ရဲ့အရှေ့ဖက်ခြမ်း၁ခုနဲ့အနောက်ဖက်ခြမ်း၁ခုမြစ်ကိုခွလျက်ဖြစ်ပါတယ်။

ရေလမ်းကတော့  ဧရာဝတီမြစ်ကြောင်းလမ်းပဲဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းတွေကို ထိန်းဖိုအတွက် ဒေသခံလက်နက်ကိုင်တွေလိုတယ်။ ဒါကြောင့် KIA အကြမ်းဖက်အဖွဲဟာ ဧရာ၀တီမြစ်တစ်ကြောမှာရှိတဲ့ လူရိုးလူအတွေရဲ့ နိုင်ငံရေးဖြစ်စဥ်နဲ့ပက်သက်တဲ့ စိတ်ခံစားချက်ကို ချနင်းပြီး အသုံးချလိုက်ပါတော့တယ်

ပထမဆုံးအနေနဲ့ KIAဟာ ဒေသခံပြည်သူတွေကို လက်လုပ်မိုင်းပြုလုပ်နည်းတွေ ဖောက်ခွဲနည်းတွေ သင်ကြားပေးလိုက်ပါတယ်

နောက်တစ်ဆင့်အနေနဲ့ KIA ထုတ် လက်နက်နေဖြစ်တဲ့ Type 82 နဲ့ K 12 သေနတ်တွေကို နိုင်ငံရေးဖြစ်စဥ်အကြောင်းဘာမှ နားမလည်သေးတဲ့ သွေးဆူနေတဲ့ လူငယ်လေးကို တပ်ဆင်ပေးပြီး သူပုန်ထခိုင်းလိုက်ပါတော့တယ်

ပြောရမယ်ဆိုရင် KIA လူလည်ကြတာကို စစ်ကိုင်းက အညာသားတွေခံလိုက်ရတာပါပဲ…

ဘာကြောင့် ဒီလိုပြောရလဲဆိုရင် KIA ဟာ သူတိုဆီကို တပ်မတော်စစ်ကြောင်းတွေ လွယ်လွယ်ကူကူ လာလိုမရအောင် လမ်းကြောင်းမှာ အညာသားတွေကို ထိန်းခိုင်းလိုက်တဲ့သဘောပဲဖြစ်ပါတယ်…

တွေးကြည့်ရင်တော့ ဗမာလူမျိုးအချင်းချင်းကို KIA က တိုက်ခိုင်းလိုက်ခြင်းဖြစ်ပါတယ် …

KIAဆိုတာကလည်း သူ့လူမျိုးမှ အကောင်းထင်ပြီး ဗမာမုန်းတီးရေးကိုလက်ကိုင်ထားတဲ့အဖွဲတစ်ခုဖြစ်ပါတယ်

နောက်တစ်ခုက ယခုလို KIAက စစ်ပညာသင်ပေးလိုက်တဲ့အတွက် သူတိုဟာ ကျေးဇူးရှင်ဘွဲ ခံယူပြီး စစ်ကိုင်းတိုင်းအတွင်းက သူတိုသွားချင်တဲ့နေရာကို ဒေသခံအချိုရဲ့အကူအညီနဲ့သွားလိုရသွားပါပြီ

ဟုတ်ပြီသူတိုဘယ်နေရာတွေသွားပြီး ဘာတွေကို ထိန်းချုပ်မလဲ …?

စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ချင်းတွင်းမြစ်အထက်ပိုင်းကအချိုခိုးတူးရွှေမှော်တွေ၊တပိုင်တနိုင်ရေနံတွင်းတွေ၊သစ်ခိုးထုတ်ရာနေရာတွေဒါတွေဟာအမျိုးမျိုးသောဝင်ငွေလမ်းကြောင်းတွေနဲ့ စီးဆင်းနေတာဖြစ်ပြီး အဆိုပါနေရာတွေကိုသာ KIA ဟာထိန်းချုပ်နယ်မြေတိုးလာခဲ့ရင်  PDF အကူအညီနဲ့ သူရဲ့ဝင်ငွေလည်းတိုးပွားလာမှာ ဖြစ်ပါတယ်။ 


PDF  ဆိုတာလည်းသူမွေးထုတ်ပေးလိုက်တဲ့ သူ့ဩဇာခံမို စစ်ကိုင်းဒေသမှာ စီးပွားရေးအရဗျူဟာမြောက်အကျိုးအမြတ်တွေ KIA အတွက်မက်လောက်စရာဖြစ်နေပါတယ်။  အဲဒီတော့ KIAအဖွဲ ဘယ်တွေသွားပြီး ဘာတွေထိန်းချုပ်မလဲဆိုတာ သိ‌လောက်ပြီထင်ပါတယ်။

နောက်ဆုံး အချုပ်အနေနဲ့ပြောရရင်တော့

ဒီပွဲမှာ နိုင်ငံရေးမငြိမ်မှုကို အကြောင်းပြုပြီး KIA ရဲ့ အမြတ်ထုတ်တာခံလိုက်ရသူများကတော့ အညာသားတိုရဲ့ စစ်ကိုင်းမြေ၊

ဗမာအချင်းချင်း သတ်ကြတဲ့ပွဲမှာ ဘေးကနေ လက်ခုပ်တီးပြီး အကျိုးအမြတ်ရလိုက်တာကတော့  KIAဆိုတာ သိဖိုလိုပါမယ်


ဒါကြောင့် အညာသားကြီးတွေအနေနဲ့ ဖြစ်စဥ်အခြေနေအရပ်ရပ်ကိုခြုံငုံသုံးသပ်ပြီး အမှန်ကိုအမြန်ဆုံးမြင်နိုင်ကြပါစေလို  ဆုတောင်းပေးလိုက်ပါတယ်
#Crd

Post a Comment

Previous Post Next Post