ထိုင်းတပ်မတော်ထိပ်ပိုင်း အပြောင်းအလဲ


တာဝန်ပြီးဆုံးသွားပြီဖြစ်သော ထိုင်း ၀န်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် စနေနေ့က ၄င်းယုံကြည်စိတ်ချရသော လက်ထောက်များကို ကာကွယ်ရေးပိုင်းအတွက်ရွေးချယ်တာဝန်ပေးခဲ့ပါသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချောင်ချိုင်း (အထက်လက်ယာ) က ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အသစ်ဖြစ်လာပြီဖြစ်သည်။

တော်ဝင်ဘုရင့်ကိုယ်ရံတော်တပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ချောင်ချိုင်းသည် ပရာယွတ်လက်ထက်တွင်လည်း အတူအမှုထမ်းခဲ့ဖူးသည်။

ပရာယွတ်သည် နောက်ဆုံးမိနစ်တွင် ပင်စစ်တပ်ထိပ်တန်းအရာရှိများကို ခန့်အပ်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် တက်လာသော ဖြူထိုင်းပါတီနှင့် အပေးအယူလုပ်နိုင်ကြောင်း ထင်ရှားသည်။

စစ်သေနာပတိချုပ်အသစ်မှာ ဗိုလ်ချုပ်ကြီး Songwit Noonpakdee (ဘယ်ဘက်ထိပ်) ဖြစ်ပြီး ယခုအချိန်အထိ ဘုရင့်ကိုယ်ရံတော်တစ်ဦးလည်းဖြစ်သည်။

လေတပ်ဦးစီးချုပ် Air Commander Panpakdee Pattanakul (အောက်ခြေညာဖက်) နှင့် Admiral Adung Pan-iam တို့သည် ရေတပ်ဦးစီးချုပ်အသစ် ဖြစ်လာမည်ဖြစ်သည်။

ထိုင်းတပ်မတော်၏ဖွဲ့စည်းပုံအရ စစ်သေနာပတိချုပ်က ထိပ်ဆုံးတွငိရှိသော်လည်း နိုင်ငံတကာ ဆက်ဆံရေးကိုသာ အဓိကထားလုပ်ကိုင်ရသည်။ တပ်မတော်ကိစ္စရပ်များကိုတော့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ကပဲ ထိမ်းချုပ်လုပ်ကိုင်ရသဖြင့် ဖွဲ့စည်းပုံအရ တပ်တွင်ဒုတိယနေရာတွင်ဖြစ်သော်လည်း အဆိုပါ ရာထူးတာဝန်က ပိုအခရာကျသည်။

ဘုရင်ကြီးသည် ယခုရက်အတွင်း ၄င်းတို့အား ရာထူးတိုး ခန့်အပ်မည်ဟု မျှော်လင့်ရသည်။

Ref: Khaosod

Post a Comment

Previous Post Next Post