ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ထားဝယ်တပ်နယ် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအားကြိုဆိုပွဲ အခမ်းအနားကျင်းပ

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ထားဝယ်တပ်နယ် မှအောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သား များကြိုဆိုပွဲအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် နယ်မြေခံ တပ်ရင်းတွင် ကျင်းပ ရာ တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ထားဝယ်တပ်နယ်မှအရာရှိ/ စစ်သည် မိသားစုများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများ မှ အိုးစည်၊ ဒိုးပတ် အောင်သပြေပန်းများဖြင့်သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ   ကြောင်း သတင်း ရရှိပါသည်။

Post a Comment

Previous Post Next Post