မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရ

မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မဟာ" ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မဟာအောင်မြေမြို့နယ်ရှိ "TEL" ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ယနေ့ စက်တင်ဘာ (၂၅) ရက် နံနက်ပိုင်းက လက်ပစ်ဗုံးများဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ "TEL" ကိုယ်ပိုင်အထက်တန်းကျောင်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကာ ကိုယ်ပိုင်ကျောင်း၏ အဆောက်အဦးအနည်းငယ် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

Post a Comment

Previous Post Next Post