အမြန်ဆုံးပြန်လည်တည်ဆောက်ရန်လိုအပ်နေပြီဖြစ်တဲ့အမျိုးသားစည်းလုံးညီညွတ်မှုပြဿနာ


နိုင်ငံရေး သိပ္ပံဝေါဟာရ တွင် နိုင်ငံကို ( State ) ဟုခေါ်ပြီး လူမျိုးကို ( Nation ) ခေါ်ကြသည်။နိုင်ငံတည်ဆောက်ရေး ၊ တိုင်းပြည်တည်ဆောက်ရေးအား
( State building ) ဟုလည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေး အား ( Nation building ) ဟုလည်းကောင်း သုံးနှူန်းခေါ်ဆိုကြသည်ကို တွေ့ရသည်။မြန်မာနိုင်ငံ သည် လူမျိုးပေါင်းစုံနေထိုင်သည့်နိုင်ငံ ဖြစ်သဖြင့် ကိုးကွယ်ယုံကြည်မှု ဘာသာတရားများပြားခြင်း ၊ လူမျိုးများအလိုက် သမိုင်းကြောင်းရှည်းလျားမှု နောက်ခံ အကြောင်းတရားများရှိနေခြင်း ၊ လူမျိုးများအလိုက် အမျိုးသားသရုပ်လက္ခဏာ ( Nation Idenity ) များရှိခြင်း ၊ ယဥ်ကျေးမှုစရိုက်လက္ခာတို့ များပြားစုံလင်စွာ ရှိနေခြင်း နှင့် ဘာသာစကားစုံလင်စွာရှိနေခြင်း တို့သည် မြန်မာနိုင်ငံ၏ ထူးခြားမှုဝိသေသ ဟု ဆိုရမည် ဖြစ်သည်။ထို့ အပြင် ပထဝီ နိုင်ငံရေး အရ အင်အားကြီး တရုတ် နှင့် အိန္ဒိယ နိုင်ငံကြားတွင် တည်ရှိနေခြင်း ၊ တရုတ် နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ထိန်းချုပ်ကန့်သတ်နိုင်သည့် အနေထားတွင် ရှိနေသည့်အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်နေခြင်း ၊
အရှေ့တောင်အာရှနှင့် တောင်အာရှကို ပေါင်းကူးပေးထားသည့်နေရာတွင် ရှိနေခြင်း၊ နိုင်ငံ အတွင်း ရှိ တောင်ကုန်းတောင်တန်းနှင့် ရိုးမ တောင်တန်း များ သည် နိုင်ငံအတွင်း ဒေသတစ်ခုနှင့်တစ်ခု၏ ဆက်စပ်နေမှုအားစည်းခြားနိုင်စွမ်းရှိနေခြင်း တို့သည် မြန်မာနိုင်ငံ ၏ ပထဝီ နိုင်ငံရေး ထူးခြားမှုများပင် ဖြစ်သည်။ထို့ကြောင့် မြန်မာနိုင်ငံ သည် ပထဝီ နိုင်ငံရေး၏ ထူးခြားမှု အရသော်လည်းကောင်း လူမျိုးနွယ်စုများ၏ ထူးခြားသည့် ဝိသေသ လက္ခဏာ များ အရသော်လည်းကောင်း မတူကွဲပြားမှုများ နှင့် အတူ
စိန်ခေါ်မှုများ ကို ရင်ဆိုင်လာခဲ့ရသည်မှာ ခေတ်အဆက်ဆက်မှ သည် ယနေ့ တိုင်ပင်ဖြစ်သည်။
၄င်းစိန်ခေါ်မှုများကပင် ဖြေရှင်းရမည့် နိုင်ငံရေး ပြဿနာအဖြစ် ယနေ့ တိုင်တည်ရှိနေပါသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေး ပြဿနာ၊ လူမျိုးရေးအမြင်ကျဥ်းမြောင်းမှု ပြဿနာ ၊ ဝါဒရေးရာ အစွန်းရောက်မှုပြဿနာ များနှင့် လက်နက်ကိုင် ပဋိပက္ခများ ကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာ ဆုံးရှူံးရမည့် အရေးနှင့် မကြာခဏ ကြုံတွေ့ခဲ့ကြရသည်။အထူးသဖြင့် ၁၉၄၈-၄၉ ခုနှစ် ရောင်စုံသူပုန် သောင်းကျန်းမှု အန္တရာယ် ၊ ၁၉၅၈ ခုနှစ် ပါတီနိုင်ငံရေး ပဋိပက္ခ ၊ ၁၉၆၂ ခုနှစ် လူမျိုးရေးအမြင်ကျဥ်းမြောင်းသူ တိုင်းရင်းသားခေါငိးဆောင်များ၏ ပြည်ထောင်စုက ခွဲထွက်ရန် ကြိုးပမ်းမှုအန္တရာယ် နှင့် ၁၉၈၈ ခုနှစ် အရေးခင်း များ သည် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အထင်ကရ သမိုင်းကာလ များဖြစ်ခဲ့ပါသည်။

သမိုင်းတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်နိုင်ငံတော် အချုပ်အခြာရှူံးဆုံး ရမည့် အန္တရာယ်များကို ထောက်ရှုပြီး ၁၉၈၈ ခုနှစ်မှာ တက်လာသည့် နဝတ အစိုးရ က ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန် အရေး သုံးပါးကို နိုင်ငံတော် မူဝါဒ အဖြစ်သတ်မှတ် ကာ အလေးပေးလုပ်ဆောက်လာခဲ့ပါသည်။ဒို့တာဝန် အရေးသုံးပါးနှင့်ပတ်သက်ပြီး
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း( ၁ ) ပုဒ်မ ( ၆)
(က) ၊ ( ခ ) ၊ ( ဂ ) တွင် လည်းကောင်း ၂၀ ( င )တွင်လည်းကောင်း ကာကွယ်စောင့်ရှောက်ရန် ထည့်သွင်းပြဌာန်းထားပါသည်။ဒို့တာဝန်အရေးသုံးပါးကို
နိုင်ငဲတော်၏ အမျိုးသား နိုင်ငံရေး ၊ အမျိုးသားအကျိုးစီးပွား ၊ နိုင်ငံတော်၏ မူဝါဒ ဆိုပြီး မကြာခဏ ထုတ်ပြောလေ့ရှိပါသည်။

ရည်ရွယ်ချက် ကောင်းမွန်လှသည့် ဒို့တာဝန်
အရေးသုံးပါး ကို လေ့လာကြည့်သည့် အခါ ပြည်ထောင်စု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး သည် နိုင်ငံတည်ဆောက်ရေး ( State building ) ပိုင်းမှာ ပါဝင်နေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပိုင်းကမူ ( Nation building ) ပိုင်းမှာ ပါဝင်နေသည်ကို တွေ့ရသည်။ထို့ကြောင့် မည်သည့်အပိုင်းမှာ အားသာပြီး မည်သည့်အပိုင်းမှာ အားနည်းနေသည်ကို ဆန်းစစ်ကြည့်ရန် လိုမည် ဖြစ်ပါသည်။

State building ပိုင်းမှာ ပါဝင်သည့် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် ၁၉၈၈ မှ သည် ယနေ့တိုင် ပြင်းပြင်းထန်ထန် ကြိုးပမ်းတည်ဆောက်ခဲ့ သလို
တည်ဆောက်လျက်ရှိနေသည်ကို တွေ့ရသည်။အထူးသဖြင့် မိုင်းယမ်း ၊ မဲသဝေါကဲ့သို့သော စစ်ဆင်ရေးကြီးများ ၊ ကရင်ပြည်နယ်ထဲ KNU အခိုင်အမာစခန်းများက်ု တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ၊ မြို့ပေါ်ဆူပူဆန္ဒပြအကြမ်းဖက်မှုများကို နှိမ်နင်းခြင်း ကစ၍ လမ်းများ ၊ တံတားများ ၊ ဆည် မြောင်း တာတမံများ ၊ ဆေးရုံ ၊ ကျောင်း ၊ တက္ကသိုလ်များ တည်ဆောက်ခြင်း တို့သည် နိုင်ငံတော် တည်ဆောက်ခြင်းများပင် ဖြစ်၍ သိသာမြင်သာ သော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ( State building ) ပိုင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။သို့သော် တစ်ဖက်က ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာသည်မှန်သော်လည်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ( Mental ) ပိုင်းမှာ

ထိခိုက်မှုများ ရှိခဲ့သည်ကို တွေ့ခဲ့ရသည်။ အထူးသဖြင့် စစ်ကြောင့်ဖြစ်ပေါ်လာသည့် တိုင်းရင်းသားများ၏ ခံစားချက် ၊ လူ့သဘောလူ့သဘာဝ အရ ရှူံးဆုံးခဲ့မှုအပေါ်အခဲမကျေနိုင်သည့် ခံစားမှု ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အသုံးပြုခဲ့ရသည့် မြေယာသိမ်းဆည်းမှုပြဿနာ၊ ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် ခေတ်နှင့်မလျော်ညီတော့ ဥပဒေများကို ထပ်မံအသုံးပြုခဲ့၍ ပြည်သူလူထုအပေါ် စည်းနှောင်နေမှု များသည် လူတို့ စိတ်ပိုင်းဆိုင်ရာမှတဆင့် ခံစားမှုပိုင်းအထိ နက်နက်ရှိုင်းရှိုင်းဝင်ရောက်သွားသည့်အခါ အမျိုးသားစည်းလုံးညီညွတ်ရေးကို
ပါထိခိုက်လာခဲ့သည်။ထိုအချက်ကို အခွင့်ကောင်းယူ
အသုံးချက ပြည်တွင်း ပြည်ပ အဖျက်သမားများ
သတင်းမီဒီယာ ဖြင့် ဝါဒဖြန့်ချိ တိုက်ခိုက်လာသည့်
အခါ ယနေ့ကာလ တိုင်းပြည်ဖြစ်ပျက် အကြမ်းဖက်မှုကြီး ဆီကို တွန်းပို့လိုက်သလို ဖြစ်ခဲ့ရပါတော့သည်။ထို့ကြောင့် Nation building
အမျိုးသားစည်းလုံးညီညွတ်မှု ပြဿနာ ကြီးထွားသထက် ကြီးထွက်လာပြီး ကိုယ့်လူမျိုးအချင်းချင်း၊
ကိုယ်နိုင်ငံသား အချင်းချင်းဆိုသည့် ယူဆချက် ခံယူချက် မျိုးပါ ပျောက်ကွယ်သွားကြပြီး ရန်သူသဖွယ်
သဘောထားတိုက်ခိုက်လာကြခြင်း ဖြစ်ပါသည်။

ပုံမှန်အားဖြင့်တော့ ပြည်တွင်းစစ် မရှိသော နိုင်ငံများတွင် State building ရော Nation building ပါ
တစ်ပြိုင်တည်း ကျွဲကူးရေပါသလို တည်ဆောက်နိုင်မည် ဖြစ်သော်လည်း မြန်မာကဲ့သို့ ပြည်တွင်းစစ်ကြီး
ဖြစ်နေသော နိုင်ငံတွင် တစ်ပြိုင်းတည်းတည်ဆောက်ရန်မလွယ်ကူလှပေ။မြန်မာနိုင်ငံ တွင် လက်ရှိနိုင်ငံရေး မတည်ငြိမ်မှု ၏ အဓိက ဇာတ်ကောင်မှာ Stae building တည်ဆောက်မှု၏ နောက်ဆက်တွဲ အားနည်းချက် ဂယက် ကို NLD နှင့် ပြည်ပလက်ဝေခံ အုပ်စု က မီဒီယာနှင့် ပေါင်းစပ်ပြီး အသုံးချခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် လက်ရှိပြဿနာသည် အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနေခြင်းပြဿနာ၊ အမျိုးသားစည်းလုံးညီညွတ်မှုပြဿနာ ၊
အမျိုးသားစည်းလုံးညီညွတ်မှုအားနည်းနေသည့် ပြဿနာ ဖြစ်သည်။

တစ်ချိန်က အမျိုးသားစည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြဿနာဟု ဆိုလိုက်လျှင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများနှင့် တိုက်ခိုက်နေသည့် ပဋိပက္ခ လောက်ပဲ ရှိခဲ့သည်။
ယခုက ထိုသို့မဟုတ်တော့ချေ။ဗမာနှင့် ဗမာ အချင်း
ချင်းမှာ ပင် အစိမ်းနှင့် အနီ နှစ်ပိုင်းကွဲသွားခဲ့၍ ပြည်တွင်းစစ်မီးကြီး တောက်လောက်နေရခြင်းဖြစ်သည်။ထို့ကြောင့် တိုင်းပြည် လူဦးရေ၏ သုံးပုံ နှစ်ပုံ ရှိသည့် ဗမာတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် လိုလာပြီ ဖြစ်သည်။ဗမာတိုင်းရင်းသားများစည်းလုံးခဲ့ပြီး
ဆိုလျှင် တိုင်းပြည်၏ သုံးပုံ နှစ်ပုံ ရှိ၍ တိုင်းပြည်လည်း သုံးပုံ နှစ်ပုံ ငြိမ်းချမ်းသွားမည်မှာ အမှန်ပဲ ဖြစ်သည်။

ဗမာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို
တည်ဆောက်ဖို့ လိုသလို တစ်ဖက်မှာလည်း ဗမာတိုင်းသားများ စည်းလုံးညီညွတ်မှု ဖြိုခွဲနေသည့် EAOs များကို အရေးယူဖို့ လိုပါသည်။ယခုအခါ
KNU က ပျဥ်းမနားအနောက် ခြမ်း မှာ
ဗမာတွေ ကို စစ်ပညာလာသင်ပေးပြီး
AA က မင်းလှ အနောက်ခြမ်းမှာ စစ်ပညာ
လာသင်ပေးနေသည် ဟု သိရှိရသည်။တစ်ခါ TNLA ကလည်း မြိုင် ရေစကြို က ဗမာတွေ ကို
စစ်ပညာ လာသင်ပေးနေကြောင်း ဖတ်ရ ကြားရပြန်၍ စိတ်မသက်မသာ ဖြစ်ရပါသည်။သဘောကတော့ ဗမာတွေ အမျိုးသား
စည်းလုံးညီညွတ်မှု ပြိုကွဲနေသည်ကို အခွင့်
ကောင်း ယူပြီး EAOs များ က
ဗမာအင်အားချည့်နဲ့ရေး မူကို လက်
ကိုင်ပြီး အဖက်ဖက်နေ ဝိုင်းမီးရှို့ပေးနေ
သည်။ဗမာလူမျိုး များ၏ အားနည်း
ချက် ၊ မညီညွတ်မှုကို ရန်သူကောင်းကောင်း
အသုံးချနသည်။AA သည် သူ့ ဒေသ မှာ
တပ်နှင့် အပစ်ခတ်ရပ်စဲပြီး ဗမာပြည်မ ထဲ
အတွင်းထိ ဝင်မီးရှို့သည်။ကချင်ပြည်နယ်
ထဲမှာ ဂိတ်ကောက် ဆက်ကြေးကောက်ပြီး
ယမ်းခိုးပေးတိတ်ထားတဲ့ KIA သည် စစ်ကိုင်း
တိုင်းထဲ ရောက်သည်နှင့် ဗမာ အချင်းချင်းကို
ချ ဆိုပြီး မြှောက်ပေးသည်။ဤ လုပ်ရပ် များကို
ကြည့်ချင်အားဖြင့် EAOs များ သည်
တပ်မတော်ကိုပဲ ရန်သူလို သဘောထား
သတ်မှတ်ပြီး တိုက်နေခြင်း မဟုတ်ချေ။
ဗမာလူမျိုးများ ကို ရန်သူလို့ သဘောထားပြီး ဗမာ
လူမျိုး အင်အားချည့်နဲ့စေရေး ဆီကို ဦးတည်
တိုက်နေသည် ကို တွေ့ရမည် ဖြစ်သည်။

သြဂုဏ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ကမ်ဖမ်
ဖက်ခရိုင်မှာ EAOs တွေနဲ့ NUG PDF တို့
အစည်းအဝေး လုပ်သည် ဟု သိရသည်။အစည်းအဝေး
မှာ KNU က ဗမာ အပါ ရှစ်ပြည်နယ်မူ ကို
ညှိနှိုင်းပါသည် ။ဗမာပြည်နယ်ကို မကွေးတိုင်း၊
မန္တလေးတိုင်းနဲ့ပဲခူးတိုင်း အနောက်ပိုင်းသာ
ပါတဲ့ ရှမ်းပြည်နယ်တစ်ခုစာသာမရှိတဲ့ နယ်နိမိတ်
သတ်မှတ်မည် ဟု KNU က တောင်းဆိုသည်။
KNU ကတော့ ကရင်ပြည်နယ်ကို ဧရာတီတိုင်း၊
ရန်ကုန်တိုင်း၊ ပဲခူးတောင်ပိုင်း၊ လက်ရှိကရင်
ပြည်နယ်ကနေ တနင်္သာရီ တိုင်း အထိ ကို
ကရင် ပြည်နယ် သတ်မှတ်မည် ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထိုအချိန်မှာပင်  NUG/ PDF ခေါင်းဆောင်များက

တိုင်းပြည်လူဦးရေ  ၅၁ သန်းမှာ ဗမာ က
သန်း ၃၀ ကျော်ရှိနေသည်ကို ဤမျှလောက်ပဲပေးလျှင်
ဗမာပြည်သူလူထု လက်ခံမည် မဟုတ်ဘူး
ဟု တုံ့ပြန်လိုက်၍ ၂ ရက်လုပ်မည့် အစည်းအဝေး
က နာရီပိုင်း အတွင်း ပျက်သွားခဲါကြောင်း သိရသည်။ထို့ကြောင့် ပြောချင်သည် မှာ တော်လှန်ရေး ဟုပြောပြီး လက်နက်ကိုင် ပုန်ကန်နေကြသည့်
ဗမာများ သည် EAOs များကို ချစ်လှပါ၏
ဆိုပြီး တောခိုနေကြသည်တော့ မဟုတ်ချေ။
ကိုယ့်ဘက်က ဗမာလူမျိုးစည်းလုံးညီွတ်
ရေး ကို မဟာဗျူဟာ ကျကျ မတည်ဆောက်
နိုင်သေး၍ ဖြစ်သည်။ တည်ဆောက်နိုင်မည် ဆိုလျှင်
စစ်ကိုင်းတိုင်းထဲက pdf များ ကို ပါ ရဲဘော်
သစ် အဖြစ် စုဆောင်း၍ ရနိုင်ပါ၏။

ဗမာလူမျိုးများ၏ အမျိုးသားစည်းလုံး ညီညွတ်
ရေးကို တည်ဆောက်ဖို့ လိုသလို EAOS
တွေကို အင်အားပြိုကွဲအောင် အင်အားချည့်
နဲ့ အောင် လုပ်ကို လုပ်ရပါမည်။စစ်မတိုက်ဘဲ လုပ်
နိုင်လျှင် အကောင်းဆုံးဖြစ်သည်.။

မည်သို့ လုပ်ကြမဟ်နည်း။ဥပမာ တစ်ခုပေးပါမည်။စစ်ကိုင်းထဲ ကျွံဝင်နေသည့် KIA ၊
စစ်ကိုင်းကို မီးရှို့နေတဲ့ KIA ကို ကချင်ပြည်
နယ်ထဲ ပြန်ရောက်သွားအောင် ကချင်ပြည်
နယ်ထဲ မှာ အလုပ်ရှုပ်နေအောင် လုပ်ရမည်။
ရှမ်းနီလက်နက်ကိုင် အဖွဲ့ SNA ကို NCA ခေါ်တင်
ရုံမကဘဲ ရှမ်းနီလူမျိုးသတ်မှတ်ပြီး ကချင်
ပြည်နယ်ထဲ က ခရိုင်တစ်ချို့ ကို ရှမ်းနီပြည်
နယ်ပေးရန် ဆွေးနွေးမည်ဟု သာ ကြေငြာကြည့်
လိုက်ပါ။KIA တုန်ဆင်းလာပါလိမ့်မည်။
နောက်တစ်ချက်က KIA ဌာနချုပ်၊
အဓိက အရေးကြီးနေရာ များ နှင့် ၄င်းတို့၏
အမာခံဒေသ များ ကို လူမရောက်
ကျည်ရောက်စနားနှင့် နေ့စဥ် ဒုက္ခ ပေးရမည်။
ထိုအခါ သူ့ လူမျိုး သူ့ဘာသာ ကလွဲ ပြီး
လူဟု မထင်သည့် KIAသည် နစက နှင့် ဆွေးနွေး
မည် ဆိုပြီး တုန်ဆင်းလာပါလိမ့်မည်။ထိုသို့ဖြစ်လာ
ပြီဆိူလျှင်
စစ်ကိုင်းထဲ ကပြဿနာကို ကိုယ်ကြိုက်
သလို အပေါ်စီးက တောင်းဆို၍ ရမည် ဖြစ်သည်။
၁၉၉၃ / ၁၉၉၄တုန်းက တပ်မတော် ထိုးစစ်ကြောင့်
အင်အားချည့်နဲ့သွားသည့် KIA သည် နဝတ
နှင့် တွေ့ဆုံဆွေးနွေးတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်
က မင်းတို့ဆီမှာ ရှိနေသည့် မြောက်ပိုင်း ABSDF
ကို လက်မခံမှ စဥ်းစားမည် ဆို၍
ABSDF ကို မောင်းထုတ်ပစ်လိုက်သည့်
သာဓက ရှိခဲ့ဖူးသည်။ထို့ကြောင့် ချုပ်ပြိးပြောချင်သည်က  ဤကာလ
အလုပ်သင့်ဆုံး အလုပ် ၂ ခု မှာ
ဗမာလူမျိုးများ ၏ အမျိုးသားစည်းလုံး
ညီညွတ်မှု ကို ကျစ်ကျစ်ပါအောင် တည်
ဆောက်ရေး နှင့် EAOs များ ၏  အင်အားကို
ပြိုကွဲချိနဲ့သွားအောင်လုပ်ဆောင်နိုင်ရေး  ဖြစ်သည်
ဟု အကြံပြုရေးသားလိုက်ရပါသည်။

အောင်နိုင်သူ ( ဇွဲကပင် )

Post a Comment

Previous Post Next Post