Naypyitaw State Academy မှာ ဆေးပညာ အခြေခံနှစ်သင်တန်း စတင်ဖွင့်လှစ်တော့မယ်


Naypyitaw State Academyဆေးသိပ္ပံပညာမဟာဌာနမှာ ဆေးပညာအခြေခံနှစ်သင်တန်းကို ယခုနှစ် နိုဝင်ဘာလကစတင်ပြီး ဖွင့်လှစ်ပေးတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Naypyitaw State Academy ကို တက်ရောက်ခွင့်ရရှိမယ့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည် အသွေးပြည့်မီမှုကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ Naypyitaw State Academy မှာ ဆေးသိပ္ပံပညာမဟာဌာနရဲ့ ဘွဲကြိုသင်တန်းများဆိုင်ရာ သင်ကြားရေး ဆရာ၊ ဆရာမများခန့်ထားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ခေတ်မီသင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရန် ဖြည့်တင်းရေးကိစ္စရပ်တွေကို Naypyitaw State Academy ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ညှိနှိင်းဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားပါတယ်။

Post a Comment

Previous Post Next Post