အစ္စရေးနှင့် အကျဉ်းသားလဲလှယ်ရန် အသင့်ရှိကြောင်း ဟားမာ့စ် ပြောကြား


အစ္စရေးနှင့် အကျဉ်းသားလဲလှယ်ရန် အသင့်ရှိကြောင်း ဟားမာ့စ်၏ လက်နက်ကိုင် အဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးအနေနှင့် ၎င်း၏ အကျဉ်းထောင်များထဲတွင် ဖမ်းဆီးထားသည့် ပါလက်စတိုင်းအားလုံးကို လွှတ်ပေးမည်ဆိုပါက အောက်တိုဘာ ၇ ရက်နောက်ပိုင်း ပြန် ပေးဆွဲဖမ်းဆီးခံထားရသည့် ဓားစာခံများကို ပြန်လွှတ်ပေးမည်ဟု ဟားမာ့စ်၏ အယ်လ်ကက်ဆမ် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘိုင်ဒါက ပြောကြားခဲ့ကြောင်း ဟားမာ့စ် အဖွဲ့က တည်ထောင်ထားသည့် Al Aqsa ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

“အကျဉ်း သားတွေအားလုံးကို တစ်ကြိမ်တည်းမှာပဲ လဲ လှယ်ဖို့ ရန်သူ့ဘက်က ဆန္ဒရှိမယ်ဆိုရင်လည်း အဲဒီလိုလုပ် ဆောင်ဖို့ ကျွန်တော်တို့ဘက်က အဆင့်ပါပဲ။ တစ်ဆင်းချင်းစီ လဲလှယ်သွား ချင်တယ်ဆိုရင်လည်း အဲဒီလိုလုပ်ဖို့ အသင့် ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

Source -Eleven media

Post a Comment

Previous Post Next Post