ပုဂံရှိ ရှေးဟောင်းစေတီပုထိုးတော် ၁၂ ဆူအား သီတင်းကျွတ်လပြည့်ညက ဆီမီးများထွန်းညှိပူဇော်ခဲ့ကြ


မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီပုထိုးတော် ၁၂ ဆူအား အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့ည) ၆ နာရီမှစတင်၍ ဆီမီးများထွန်းညှိပူဇော်ခဲ့ကြသည်။

ထိုသို့ ထွန်းညှိပူဇော်ရာ၌ ရွှေစည်းခုံဘုရားကြီးတွင် ဆီမီး ၁၀၀၀၀ ၊ အလိုတော်ပြည့်ဘုရားတွင် ဆီမီး ၁၀၀၀၀ ၊ တုရင်တောင်စွယ်တော်မြတ်စေတီတွင် ဆီမီး ၁၀၀၀၀ ၊ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးတွင် ဆီမီး ၁၀၀၀၀ တို့အား ထွန်းညှိပူဇော်ခဲ့ကြသည်။

ထို့ပြင် ဗူးဘုရားတွင် ဆီမီး ၈၀၀၀ ၊ငှက်ပစ် တောင်ဘုရားတွင် ဆီမီး ၅၀၀၀ ၊ သဗ္ဗညုဘုရားကြီးတွင် ဆီမီး ၃၀၀၀ ၊ အာနန္ဒာဘုရားကြီးတွင် ဆီမီး ၈၀၀၀ ၊ မဟာဗောဓိဘုရားကြီးတွင် ဆီမီး ၃၀၀၀ ၊ ဓမ္မရံကြီးဘုရားတွင် ဆီမီး ၅၀၀၀ ၊ စူဠာမဏိဘုရားတွင် ဆီမီး ၃၀၀၀ နှင့် ဓမ္မရာဇကဘုရားကြီးတွင် ဆီမီး ၅၀၀၀ တို့ကိုလည်း ထွန်းညှိပူဇော်ခဲ့ကြသည်။

ရှေးဟောင်းစေတီပုထိုးတော်များမှ သက်ဆိုင်ရာဂေါပကအဖွဲ့ဝင်များနှင့်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများစုပေါင်း၍ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

Post a Comment

Previous Post Next Post