ဦးပိန်တံတားကျိုးကျမှု လူ(၂၃)ဦး ပွန်းပဲ့ဒဏ်ရာရရှိဟုဆို


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့မှာရှိတဲ့ ဦးပိန်တံတားရဲ့ အစိတ်အပိုင်းတစ်ခု အောက်တိုဘာ (၂၉)ရက် မွန်းလွဲ(၂) နာရီဝန်းကျင်က ကျိုးကျသွားပြီး အဲဒီဖြစ်စဉ်မှာလူ(၂၃)ယောက် ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် ဦးပိန်တံတားကိုလာရောက်လည်ပတ်သူများပြားတဲ့အတွက် ဝိတ်မခံနိုင်ဘဲ ကျိုးကျမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားရာနေရာကို အမရပူရမြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် လာရောက်လည်ပတ်သူ ခရီးသွားတွေထဲက အမျိုးသား(၁၅)ယောက်နဲ့ အမျိုးသမီး(၈)ယောက်၊ စုစုပေါင်း (၂၃)ယောက်ရေထဲပြုတ်ကျပြီး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကာ အဲဒီဒဏ်ရာရရှိသူတွေဟာ မစိုးရိမ်ရဘူးလို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ Yan Nyein Aung

Post a Comment

Previous Post Next Post