ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း ၂၇ သတ်ဖြတ်ခံရ

NUG လက်အောက်ခံ PDF အကြမ်းဖက်သမားတွေဟာ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း ၂၇ သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးမှုပေးနေတဲ့ ဆေးရုံနဲ့ အဆောက်အဦများကို ၂၆၈ ကြိမ်ထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။

အထူးသဖြင့် စစ်ကိုင်း၊ မကွေးတိုင်း၊ ကရင်နှင့် ကယား ပြည်နယ်တို့မှာ တိုက်ခိုက်ခံရတာများပါတယ်။ ဒီလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျန်းမာရေးကဏ္ဌကို ပစ်မှတ်ထားတဲ့အတွက်ကြောင့် ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝကို များစွာ ဒုက္ခရောက်စေခဲ့ပါတယ်။

တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တပ်၊ ဓမ္မလို့ တသွင်သွင်အော်ပြီး လက်နက်ကိုင် ကိုယ်ကျိုးစီးပွားရှာနေကြတဲ့ NUG နဲ့အပေါင်းအပါတစ်သိုက်ကြောင့် တကယ်တမ်း ထိခိုက်နစ်နာသွားတာ မြန်မာပြည်သူတွေပါပဲ။

Post a Comment

Previous Post Next Post