ပါလက်စတိုင်းတို့ မျိုးတုံးအောင် လုပ်ကြံသတင်းဖော်ပြနေသည့် ဘီဘီစီ သတင်းဌာနချုပ်အား သွေးရောင်ဆေးနီများ သုတ်လိမ်းဆန္ဒပြခံရ


ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဘီဘီစီသတင်းဌာန၏ ဌာနချုပ်အဆောက်အအုံမျက်နှာစာအား အောက်တိုဘာ  ၁၄ ရက်နံနက်တွင် ဆေးနီများဖြင့် သုတ်လိမ်းပေကျံဆန္ဒပြခြင်းခံခဲ့ရရာ ဘီဘီစီ အနေဖြင့် ၎င်း၏သတင်းများအပေါ် လူအများက မလိုလားဆန့်ကျင်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဗြိတိန်ရှိ ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူများအဖွဲ့ (Palestine Action) က ထိုသို့လုပ်ဆောင်ခဲ့ခြင်းဟုသိရပြီး လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုတွင် ပြသချက်အရ ဘီဘီစီ အဆောက်အအုံအဝင်ဝ၊ ကြမ်းပြင်၊ တံခါးမှန်များနှင့်
နံနံများတွင်ပါ ဆေးနီများပေကျံနေသည်ကို တွေ့ရသည်။

Palestine Action က ဘီဘီစီ၏ သတင်းထုတ်လွှင့်မှုမှာ ပါလက်စတိုင်းတို့ မျိုးတုံးအောင်သတ်ဖြတ်နေမှုများအတွက် သဘောတူလုပ်ကြံသတင်းဖန်တီးဖော်ပြမှုအား တုံ့ပြန်သည့်အမှတ်သညာအဖြစ် ဤသို့ သွေးရောင်ဆေးနီများဖြင့် ဘီဘီစီအဆောက်အအုံအားသုတ်လိမ်းခဲ့ခြင်းဟု ဆိုသည်။

ဘီဘီစီ အနေဖြင့် ယခုအပတ်အတွင်းမှာပင် ဟားမားစ်တို့အား အကြမ်းဖက်သမားများအဖြစ် အမည်တပ်ရန်ငြင်းဆိုခဲ့မှုကြောင့် ဘီဘီစီနှင့်အစ္စရေးတို့အကြား ပဋိပက္ခ မကျေနပ်မှုဖြစ်ခဲ့ရသေးသည်။

ထိုကဲ့သို့ ဘီဘီစီဌာနချုပ်အား ဆေးနီများသုတ်လိမ်းမှုက အဆောက်အအုံရှေ့တွင် ပါလက်စတိုင်းတို့က ဆန္ဒပြမှုစတင် မပြုလုပ်မီအချိန်တွင်ဖြစ်ကြောင်းလည်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်တွင်မူ လန်ဒန်မြို့လမ်းများပေါ်တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများက ပါလက်စတိုင်း တို့နှင့် သွေးစည်းညီညွတ်ကြောင်းထုတ်ဖော်ဆန္ဒပြခဲ့ကြပြီး အစ္စရေးတို့ကိုလည်း ပါလက်စတိုင်းမြေ ရယူထားခြင်းအား အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။

Ref., Dailymail , gbnews

#bbc #mtnews #myanmar_transparency_news

Post a Comment

Previous Post Next Post