နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားခဲ့မှု မှ ကောက်နုတ်ချက်


မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည် “ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ” ဆိုသကဲ့သို့ ရှုပ်ထွေးမှုများရှိကြောင်း၊
လွတ်လပ်ရေးမရမီကတည်းက ရှုပ်ထွေးအောင် ကြိုတင်ဆောင်ရွက်မှုများလည်း ရှိနိုင်ကြောင်း၊

နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန်နှင့် အချိန်ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်အရေးနှင့်
နိုင်ငံရေးလမ်းစဉ်များကို ထိုအချိန်က အမျိုးသားရေးနှင့် နိုင်ငံရေး ဦးဆောင်နေသည့်
ခေါင်းဆောင်များ၏ စိတ်ကြိုက်ချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း၊

လွတ် လပ်ရေးရပြီးချိန်တွင်လည်း ၎င်းအတိုင်းပင်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ
စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိကြောင်း၊
မြန်မာနှင့်အမေရိကန်သည် ရန်ဘက် နိုင်ငံများမဟုတ်ကြောင်း၊
စစ်ဖြစ်ပွားဖူးခြင်းလည်းမရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော
ဗီယက်နမ် စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊

သို့သော်ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား
ရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမားသောနောက်ခံအကြောင်းရှိကြောင်း၊
အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့ကြောင်း၊
၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင် အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်ကြောင်း၊
၁၉၇၇ ခုနှစ်၊ ဇွန်လ မှ ၎င်းအဖွဲ့ကိုဖျက်သိမ်းခဲ့ကြောင်း၊

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ် များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂ ခုနှစ် တွင် ဖြစ်လာသည့် ပြည်နယ် များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက
မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ
၎င်းကဲ့သို့မဖြစ်အောင်ကာကွယ်နိုင် သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်ကြောင်း၊

ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက် မှာ
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး
  (China Containment Policy) ပင်ဖြစ်ကြောင်း၊
ထို့ကြောင့်မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု
အာဏာရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

မရရှိ ခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊
အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို
ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊

အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊
သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ကြကြောင်း၊

မိမိတို့သည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ် နေသည့်နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊
ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှု ကိစ္စများ၌ ငွေကြေးစနစ်တစ်ခု တည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေး စနစ်အမျိုးမျိုးဖြင့်
အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့ လည်းဆောင်ရွက်နေကြောင်း၊

နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်း နှီးရေးကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ကောင်စီဝင် များအနေဖြင့် နိုင်ငံရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ၎င်းကိစ္စများကိုသိရှိထားပြီး
အရှည်မျှော်တွေး၍ ချင့်ချိန် ဆောင်ရွက်သွားရန်လိုကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။

#PeopleMedia
(crd)

Post a Comment

Previous Post Next Post