ကရင်ပြည်နယ်ကာကွယ်ရေးဦးစီးချုပ်ရွေးရင်ထပ်ကွဲထပ်ပြဲကြဦးမှာ


KTLAနယ်ဓမြကိုယ်တိုင်ကရင်ပြည်
နယ်သမ္မတအနေနဲ့ကော်သူးလေအစိုးရဖွဲ့စည်းထုတ်ပြန်တာလက်မခံဘူးလို့KNUစောတာနီးမှအာရွှဲ့ကာရွှဲ့ကာဝေဖန်
နိုဝင်ဘာ၂၂၊၂၀၂၃။

နယ်ဓမြ ဦးဆောင်တဲ့ကော်သူးလေအစိုးရဖွဲ့စည်းကြောင်းကြေညာချက်နဲ့ပါတ်သက်လို့KNUစောတာနီးက မနေ့ကပြောဆိုခဲ့တာာပါ။

“ကျွန်တော်တို့က အသက်သွေးချွေး ခန္ဓာတွေရာချီပေးဆပ်ပြီးတိုက်ခဲ့တာတွေကိုမှေးမှိန်၊သေးသိမ်အောင် လုပ်နေတာ၊တော်လှန်‌ရေးဆောင်ရွက်မှုတွေကိုရှုပ်ထွေးဝေဝါးအောင်လုပ်နေတာ”လို့စောတာနီးက အာရွှဲ့ပါးရွှဲ့ကာပြောဆိုပါတယ်။

KNDOစစ်ဦးစီးချုပ်ပြုတ်နယ်ဓမြဟာကော်သူးလေအာမီ(KTLA)သီးခြားထူထောင်ခဲ့သလို နိုဝင်ဘာ၁၃ရက်ကလည်းကော်သူးလေအစိုးရထူထောင်ပြီလို့ကြေညာခဲ့ပါတယ်။

ကော်သူးလေသမ္မတအဖြစ်နယ်ဓမြတာဝန်ယူပြီးဒုပြည်နယ်အကြီးအကဲတွေ၊ဝန်ကြီးချုပ်တွေ(၁၈)ဦးရိှပါတယ်။ဒီထုတ်ပြန်ချက်နဲ့ပါတ်သက်လို့တမဟတွေ၊အရပ်ဘက်အဖွဲ့တွေနဲ့နိုင်ငံရေး၊စစ်ရေးယောင်ယောင်အဖွဲ့တွေကြားခုံလုနေသလိုစောတာနီးကလည်းလူမသိ၊သူမသိဝေဖန်လေကန်နေတာဖြစ်သည်။

KTLAလက်အောက်မှာနယ်ဓမြနဲ့အတူKNUအရာရှိဟောင်းတွေ၊DKBAခွဲထွက်တစ်ချို့နဲ့နွေဦးတော်လှန်ရေးPDFတွေရှိတယ်လို့လည်းပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)နဲ့ပါတ်သက်လို့လည်း သဘောထားကွဲတာတွေရှိခဲ့ပါသေးတယ်။

နေပြည်တော်

Post a Comment

Previous Post Next Post