PDF တွေက တရုတ်ရဲ့ လက်အောက်ခံ ဖြစ်သွားပါပြီ


NUG/PDF တွေက ဒီမိုကရေစီနွေဦးတော်လှန်ရေးလို့ဘယ်
လိုပင် ဖုံးကွယ်ထားပါစေ တကယ့်တိုက်ပွဲဝင် PDF တွေက တရုတ်ရဲ့ ကြိုးဆွဲခံ တိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA/ MNDAA/ AA
/ KIA တွေရဲ့ စစ်ရေးလက်
အောက်ခံတွေ ဖြစ်နေရတာကို လက်တွေ့မငြင်းပယ်နိုင်ကြပါဘူး

ဒါကြောင့် PDF တွေရဲ့ပကတိ
ဘဝက တရုတ်ရဲ့ တဆင့်ခံအနေအထားအထိ လျှော့ကျသွားပါတယ်....

တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအရဆို သူ့နောက်ကျောကို အနီးကပ်ဓားနဲ့ထိုးမဲ့ အနောက်ယိမ်း NUG/ PDF တွေက မိတ်ဆွေဖြစ်စရာ အကြောင်းမရှိပါ

ဒါကြောင့် UWSA အပါအဝင် အခြား EAOs တွေကလည်း NUG/ PDF တွေနဲ့ ခပ်ခွာခွာနေပြီး ဒီဇာတ်ရှုပ်ကို ဝင်မပါလိုကြပါဘူး

သို့သော် ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်သည်ဆိုတဲ့ မူကြမ်းကို NUG/PDFတွေက လက်စွဲပြီး တပ်မတော်ကို ဘုံရန်သူအနေနဲ့ ရုပ်လုံးဖော် တိုက်ခိုက်ကြပါတယ်

ဒါဟာ နိုင်ငံရေးအရသာမက စစ်ရေးအရပါ မဟာဗျူဟာမှားယွင်းနေပါတယ်

တရုတ်က စစ်ရေးအရ တရုတ်မြန်မာနယ်စပ်မှာ ကြားခံ Buffer Zone တစ်ခု ဆက်ရှိစေလိုတဲ့ အရိပ်အယောင်တစ်ခုတော့ ရှိနေပါတယ်

ယနေ့ ကိုးကန့်နဲ့ ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေက မြန်မာ့နွေဦးတော်လှန်ရေးနဲ့ လားလားမှ မသက်ဆိုင်ပါ

ကျားဖြန့်အပါအဝင် အခြားအကျိုးစီးပွား ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေလု ပြဿနာသာဖြစ်ပါတယ်

ဒီလို ရှမ်းမြောက်တိုက်ပွဲတွေအတွက် အရင်းအနှီးက သိပ်များပါတယ်

ကျားဖြန့်လောင်းကစားနဲ့ မူးယစ်ဆေးဝါးကို အခြေခံပြီး အကျိုးစီးပွားဖြစ်ထွန်းနေကြတဲ့ နယ်စပ်ဒေသ EAOs တွေက တရုတ်မြန်မာ မဟာဗျူဟာမြောက်ကုန်စည်စီးပွားရေးလမ်းကြောင်းကို အမှီပြုပြီး အားစိုက်မာန်စိုက် ပြန်ရုန်းကြရမဲ့ အလှဲ့အပြောင်းတစ်ခု ဖြစ်လာပါမယ်

တရုတ်မြန်မာနယ်စပ် တည်ငြိမ်လုံခြုံမှုနဲ့ ထိုင်းမြန်မာနယ်စပ် ဥပဒေစိုးမိုးရေးက ပြည်မတိုင်းဒေသ PDF တွေအတွက် လက်နက်ခဲယမ်းလမ်းကြောင်း ပြတ်သွားပြီး ပြေးပေါက်ထွက်ပေါက်မရှိတဲ့ ဂျောင်ပိတ်အနေအထားကို ရောက်သွားပါမယ်

ဒီအဆင့်မတိုင်မီ ရှမ်းမြောက်တိုက်ပွဲတွေမှာ လက်နက်ခဲယမ်းအင်အားသုံးနေရလို့ ပြည်ပ PDF တွေအတွက် ထောက်ပို့လမ်း အားချိသွားပါတယ်

အာရှလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ ပြည်နယ်ပြည်မဝင်ပေါက်ထွက်ပေါက်တွေ ပိတ်ပင်ခံထားရလို့ ထောက်ပို့ဆက်ကြောင်းလမ်းလည်း ပြတ်တောက်နေပါတယ်

ဒီနေ့ ၁၀၂ရမှ ၁၁၂ရ အထိ ၁ လကြာ တိုက်စစ်ပြင်းထန်ခဲ့ပေမဲ့ နောက်ထပ် ၆ လအထိ ရှမ်းမြောက်မှာ တိုက်ပွဲဆင်နိုင်မဲ့ အနေအထားမရှိပါဘူး

ဒါကြောင့် NUG/ PDF တွေအတွက် စစ်ရေးအရအားကိုးစရာမရှိသလို အောင်နိုင်စရာ လမ်းစမရှိတာတွေ့ရပါတယ်

အခုအထိတော့
တပ်မတော်ရဲ့ တန်ပြန်စစ်ဘီလူးကို မတွေ့ရသေးပေမဲ့ ဘက်စုံစစ်အင်အားသုံး တန်ပြန်ထိုးစစ်ကြီး လာပါတော့မယ်လို့ စစ်တံပိုးခရာသံ မှုတ်လိုက်ရပါတယ်

crd#အသန်း

Post a Comment

Previous Post Next Post