လူမှန်နေရာမှန်


မြန်မာ့စစ်ခေါင်းဆောင်တွေ မှာ ဒေါသကြီးသူ၊
အလျင်စလို လုပ်တတ်သူတွေကို တပည့်မွေးပြီး
နေရာပေးလေ့မရှိဘူး။

ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ကလည်း စစ်တိုက်တော်တဲ့
ဗိုလ်ချုပ်တွေ တန်းစီနေပေမယ့် ခေါင်းအေးအေးစဉ်းစား
တတ်ပြီး အရပ်ဖက်စစ်ဖက်ကိုနားလည်နိူင်တဲ့
ဗိုလ်ချုပ်စန်းယု ကိုသာ သမ္မတ အရာပေးပြီး
ဗိုလ်ချုပ်ကြီးနေဝင်း က မဆလ ပါတီဥက္ကဋ္ဌ နေရာ
ဝင်ထိုင်နေလိုက်ပါတယ်။

တပည့်ကျော် အားလုံးထဲကမှ ဦးစန်းယု ကို
ဘာကြောင့်
ရွေးရသလဲ ဆိုရင် လက်ရင်းထိုး တပည့်အရင်း
မဟုတ်ပေမယ့် နိူင်ငံ့အတွက် အရပ်ဖက် ပြည်သူနဲ့
အသင့်တော်ဆုံးလို့ သတ်မှတ်ပြီး စီနီယာ အားလုံးကို
ကျော်ဖြတ် တိုင်းပြည်မျက်နှာကြည့် ရွေးချယ်ခဲ့တာပါ။

၈၈ မှာ တက်လာတဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့
ဒုတိယ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တို့ဟာလည်း
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တပည့်ရင်းတွေ မဟုတ်ပါဘူး။
ဒုတိယ တပ်မတော် မျိုးဆက်ပါ။

ဗိုလ်ချုပ်မှုးကြီး စောမောင်ကို အနားပေးပြီး
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အဖြစ် နေရာရခဲ့ပြီးနောက်..
သူ့လူသူ့တပည့်တွေကို အနားခေါ်ထားခဲ့ပါတယ်။
အဲ့ဒီမှာ ကြားညှပ်သွားခဲ့ရတာ က ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး ပါပဲ။

တကယ်ဆိုရင် ကြံခိုင်ရေး အသင်းကြီး ဖွဲ့ တစ်ဆင့်မြင့်
ပါတီပြောင်း။ ဦးသန်းရွှေ က ပါတီဥက္ကဋ္ဌ နေရာယူ။
ဦးမောင်အေး ကို သမ္မတ ရာထူးထား။ဦးနေဝင်းနဲ့
ဦးစန်းယုတို့လို လုပ်မလို့ဘဲ။ဒါပေမယ့် ဦးမောင်အေး
ကို အရပ်ဖက်ကိုင်တွယ်ပြီး သမ္မတ လုပ်ခိုင်းဖို့
မဖြစ်ပြန်ဘူး။

ဒီတော့ ရှာပုံတော် ဖွင့်တဲ့အခါ အနီးဆုံး လူ
သူရဦးရွှေမန်းကို မရွေးချယ်ဘဲ ပြည်သူနဲ့
တသားတည်းကျ နိူင်မည့်ဦးသိန်းစိန် ကို
အဆင့်တွေ ကျော်ပြီး တိုင်းပြည်မျက်နှာကို ကြည့်လို့ ရွေးချယ်ပေးခဲ့တာပါ။

စစ်ခေါင်းဆောင် တွေဟာ ငါ့လက်ရင်းထိုး တပည့်ပဲ၊
ဒီကောင့်ကို ထားရင် ငါ့အတွက် စိတ်ချရမယ် လို့
မတွေးပဲ, ဒီကောင့်ကို နေရာပေးရင် တိုင်းပြည်အတွက်
ဘယ်လောက် စိတ်ချရမလဲ အထိပါ
ထည့်တွက် တတ်ကြပါတယ်။

အရွေးမှန်တယ် အတွေးမှန်တယ် ခေါ်ရမလားပဲ၊
အခုအထိ တပ်တွင်းပြဿ     နာ ကြီးကြီးမားမား မရှိခဲ့
သလို တိုင်းပြည်အတွက်လည်း စိတ်ချ လုံခြုံ အောင်
ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ချက်ချ ပေးနိုင်သူသာ
လူမှန် နေရာမှန် ရခဲ့တာကို အလုပ်နဲ့ သက်သေ
ပြပြီးပါပြီ။

အခုလက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာလည်း
ဦးသန်းရွှေ ရွေးချယ်ခဲ့တဲ့ အရပ်ဖက်စစ်ဖက် နှလုံးရည်
မျှတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။
သူလည်း စီနီယာတွေကို ဖြတ်ကျော်ပြီး တက်လာတာပါပဲ။

စစ်ခေါင်းဆောင် တွေဟာ သူတို့အသက်သေရမှာထက်
သူတို့လက်ထက်မှာ တိုင်းပြည်ပြို ကွဲမှာ အကြောက်ဆုံးပါ။ ဒါတွေ နားလည်ချင်ရင်တော့ တပ်မတော်စစ်သမိုင်းစာအုပ်သာ လှန်ဖတ်ကြည့်ကြပေတော့။

တိုင်းပြည် ပြိုကွဲမည့်အကြောင်းဖန်လာရင်
ကျားကုတ်ကျားခဲဇွဲနပဲနဲ့ ဦးလည်မသုဉ် ကာကွယ်
်ခဲ့ကြပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြောတဲ့
တိုင်းပြည်ပြိုကွဲဖို့ အာဏာမတရားယူ ဖို့ အကြောင်းဖန်
လာရင် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ တကယ်တော့
တပ်မတော်ရဲ့အစဉ်အလာကို စောင့်ရှောက်တဲ့စကားပါ။

ဒါကို မသိတဲ့ နီပေါတွေက နားရွက် တံတွေး သွားစွပ်မှ
တော့  ထချ တာ သာဝ အလွန်မဟုတ်တော့ဘူး။

စည်းကမ်းကျတယ်၊အစဉ်အလာ အရ ဘောင်ထဲ
ကျုံးသွင်းလုပ်တတ်တယ် ဆိုတာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေသိသိရက်နဲ့ ဒီလမ်းကြောင်းပေါ်
ဇွတ်တင်ခဲ့တာပါ။

အပြောကြီးတဲ့ ငပေါကြီးထင်ပြီး အရဲကိုးလို့ ခိုးလိုက်ကြတာ၊နောက်ဆုံး မဲခိုးပြီး အာဏာအတင်းယူမယ်လုပ်မှ
ဘုရားဒကာ ကိုသာဝလည်းNLD လူစွာတွေကို မဖြစ်ချေဘူးဆိုပြီး ထိမ်းသိမ်းခဲ့ရတာပါ။

NLD က ရမလား လို့ ပေါ်တင်လုပ်တယ်။
အကြိမ်ကြိမ် သတိပေးတယ်ခဲ့တာကို မထီမဲ့မြင်
လုပ်တယ်။

ကိုယ်တွေတောင် အထာမကျတဲ့ သာဝ အစား
ကြားက ဒေါသတွေ ထွက်မိသေးတယ်။
နောက်ဆုံးတော့လည်း လူမိုက်တို့ သွားရာလမ်းကို
NLD က ရွေးချယ်ခဲ့လို့ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရပါတယ်။

မြန်မာပြည် ပြဿ     နာဟာ စစ်တပ်ချည်းပဲ ဖြေရှင်းလို့
မရတဲ့ ပြဿ     နာမှန်း သိလို့ အရပ်ဖက်နဲ့တိုင်းရင်းသား
တွေကို အပါခေါ်ပြီး"နိူင်ငံတော် စီမံအုပ်ချုပ်ရေး
ကောင်စီ"ကို ဖွဲ့လို့ ခြေဥနဲ့အညီ အာဏာထိန်းယူခဲ့ရပါတယ်။

"စစ်ကောင်စီ စစ်ကောင်စီ" လို့ မီဒီညာတွေ ဘယ်လို
အော်အော် ခေါ်ခေါ် ပကတိ အရှိတရား က
အရပ်သားတွေ များတဲ့ ကောင်စီ အဖွဲ့ ဆိုတာပါပဲ။

၈၈ စတိုင် မဟုတ်တော့ဘူး၊စစ်ဖက်ကို လျော့ပြီး
အရပ်ဖက် ကျွမ်းကျင်နားလည်သူတွေကို နေရာပေးတာတိုင်းပြည်အပေါ် ထားတဲ့ စေတနာပါ။

အပြောင်းအလဲ ကြားကာလ ဟာ သိပ်ရှည်ကြာမှာ
မဟုတ်တော့ဘူးလို့ ခန့်မှန်းမိကြောင်းပါ။

စစ်သူကြီးကောင်းတို့သည်   ဂမူးရှူးထိုးမပြုလုပ်။      
        
    


https://t.me/mmcnews007

1 Comments

  1. ကောင်းလိုက်တဲ့အရေးအသား
    ထိ မိ နေတာဘဲ မှတ်သားစရာတွေလည်ရပါတယ် မြန်မာ့တပ်မတော်နဲ့
    နိုင်ငံခေါင်းဆောင်တွေကိုလည်း
    ပိုပြီးလေးစားမိတယ်
    အန်တီ့စုတော့ ဗိုလ်ချုပ်သမီးအနေချစ်တယ် နိုင်ငံအတွက်တော့အန်တီက မထိန်းနိုင်ဘူး
    နိုင်ငံသားတိုင်းသိကိုသိထါးရမှာ

    ReplyDelete

Post a Comment

Previous Post Next Post