ပေးထားချက်တွေတသီကြီးရှိနေတဲ့ ပုစ္ဆာတွေ


၁။ မနေ့က လောက်ကိုင်မှာ လက်နက်ကြီး ပစ်ခတ်မှု ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း MNDAA ဘက်ကတော့ ဒီဖြစ်စဉ်ဟာ တပ်ကပစ်တာပါလို့ စွပ်စွဲတယ်။  ခက်တာက အပစ်ခံရတာက စစ်ရှောင်နေတဲ့ ပြည်သူတွေကို ထိမှန်မှု ဖြစ်နေတယ်။ ဘယ်လိုပဲ စွပ်စွဲပါစေ ဘယ်သူလုပ်သလဲဆိုတာ လူတိုင်းသိတဲ့ ကိစ္စလည်းဖြစ်နေတယ်။ အပေါ်ဘက်မှာ မုံကိုး ကျထားတယ်။ အောက်မှာလည်း ကွမ်းလုံ ဆုတ်ထားတယ်။ လောက်ကိုင်က ပြည်သူတွေကိုလည်း နယ်ရပ် ပြန်လို့မရအောင် လမ်းတွေ ပိတ်ထားသေးတယ်။ ဆိုတော့...ပိတ်မိနေတဲ့ ဘယ်ကြွက်ကမှ ကြွက်ထောင်ချောက်ကို ဖန်တီးမှာ မဟုတ်တာတော့ သေချာတယ်။

၂။ ဒီစစ်ပွဲနဲ့ပတ်သက်ရင် တပ်မတော်ဘက်မှာရော၊ MNDAA အတွက်ရော နှစ်ဖက်စလုံး အတွက် မေးစရာမေးခွန်းတွေရှိနေတယ်။ တပ်မတော်အတွက် သံလွင်မြစ် အရှေ့ဘက်ခြမ်းနယ်မြေမှာ လောက်ကိုင်နဲ့ ကုန်ကြမ်းပဲကျန်တော့တယ်။  ခြေဥအရ ကိုးကန့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပေမယ့် အာဏာရလူမျိုးစုကို လက်နက်အားကိုးနဲ့ ပြည်ပအားကိုးနဲ့ ဖယ်ရှားထားတယ်။ ရွေးကောက်ပွဲအရတက်လာနိုင်တဲ့ ပါတီကလည်း သတ်မှတ်ချက် မပြည့်မှီလို့ ဖျက်သိမ်းလိုက်တာတွေ့ရတယ်။ မေးစရာရှိလာတာက လောက်ကိုင် သိမ်းပြီးရင် MNDAA ဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းပဲ။  တဖက်ကကြည့်ရင် တပ်မတော်ဖက်မှာ လည်း ဂုဏ်သိက္ခာအရ အဖက်ဆည်ရမယ့် ဇာတ်လမ်း တွေရှိနေတယ်။ ကိုးကန့်နယ်မြေနဲ့ “ဝ”ဟာ ပြည်ထောင်စုလမ်းပိုင်းလောက်ပဲ စပ်ကြားနယ်မြေရှိနေတယ်။ “ဝ”ဘာလုပ် မှာလဲ? MNDAA ဘာဆက်လုပ်မလဲ? ဆိုတာတွေအပြင် တပ်မတော်ကရော ဘယ်လို တုန့်ပြန်မလဲ? ဆိုတဲ့ မေးခွန်းတွေ တသီကြီး ရှိနေတယ်။
------------------
၃။ ဒီလိုစစ်ရေးစစ်ရာ ဖြစ်နေတဲ့ နေရာဒေသတွေရှိသလို နိုင်ငံရေးအရ ထွက်ပေါက် ပိတ်နေတဲ့ ပေကြောင်ကြောင် ကယားအဖွဲ့လည်း ရှိနေပြန်သေးတယ်။🧐🧐🧐 ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တာဟာ ကိုယ်အတတ်ကိုယ်စူးနိုင်တယ်လို့ သတိပေးရေးခဲ့ဖူးတယ်။ အကျိုးဆက်ကတော့ ပညာရေးဝန်ထမ်း အယောက် ၂၀၀ ကျော်ကို အသက်ရှင်လျက် ရှိကြောင်း ထုတ်ပြန်ပေးလာရတာပါပဲ။  သူတို့အနေနဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ပွဲဧရိယာက ကယ်ထုတ်လာရပါတယ်လို့ ဘယ်လိုပဲ အကြောင်းပြပြ။ ဒါဟာ စစ်ရာဇဝတ်မှု မြောက်စေတဲ့ လူသားဒိုင်း အကာအကွယ်ယူမှု ဖြစ်တယ်ဆိုတာကို သတိလွတ်သွားခဲ့ဟန်ရှိတယ်။ သေချာပေါက် ပြန်လွှတ်ပေးရမဲ့ ကိစ္စဖြစ်ပါတယ်။ ထိမ်းသိမ်းထားတဲ့ အချိန်ပိုပြီး ကြာလေလေ သူတို့အတွက် အန္တရာယ်ပိုများလေလေ ဖြစ်ပါတယ်။
--------------------
၄။ ဆိုတော့ ဒီတိုက်ပွဲဖြစ်စဉ်တွေဟာ ဖြစ်လက်စ တန်းလန်းကြီးတော့ ဖြစ်နေကြပြီ။ ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပဲ။ MNDAA အနေနဲ့ တိုက်ပွဲမစခင်ကတည်းက တပ်စခန်းတွေကို ဖယ်ရှားလိုက်ရုံနဲ့ ဒီနယ်မြေတွေကို အုပ်ချုပ်နိုင်မယ်လို့ ယူဆခဲ့လေသလား။ နောက်ကွယ် အင်အားစုတွေအနေနဲ့ရော ဘယ်အတိုင်းအတာထိ ဒီလက်နက်ကိုင်တွေကို ခွင့်ပြုပေးခဲ့တာလဲ။ ကယား PDF တွေကရော လွိုင်ကော်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေကို ဖမ်းပြီး တက္ကသိုလ်ကို အသိမ်းပြလိုက်ရုံနဲ့ စစ်ပွဲအောင်နိုင်သွားတာလို့ သတ်မှတ်ခဲ့တာလား...???

(နရီမိုး)

Post a Comment

Previous Post Next Post