အွန်လိုင်းငွေလိမ်လည်မှု့တွေကတဆင့်ငွေကြေးချမ်းသာလာတဲ့တော်လှန်ရေးအမည်ခံအကြမ်းဖက်အဖွဲ့များနှင့်ထိတွေ့မှု့မှတ်တမ်းအချို့ (၁)



ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နှင့် ဂုတ်တွင်းအကြား လမ်းပိုင်းအား ဖျက်ဆီးရန် တာဝန်ပေးခြင်းခံထားရသော ပလောင်အကြမ်းဖက်ခေါင်းဆောင် တာလုပ်ရမ်းဆိုသည့် ပလောင်ကောင် ဒဏ်ရာအပြင်းအထန်ရရှိလာကြောင်း ၄င်းအကြမ်းဖက်ကောင်ကို ဆေးကုသပေးနေသည့် အမည်မဖော်လိုသော ဆေးကုဆရာဝန်တယောက်၏ ပြောကြားချက်အရသိရသည်။

လတ်တလောတွင် တရုတ်၏ဖမ်းဆီးခံရမည့်အရေးကိုတွေးပြီးကြောက်လန့်နေကြသော အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့မူလ အစီအစဉ်ရေးဆွဲထားသော ရက်မတိုင်မှီ အောက်တိုဘာလ(၂၇)ရက်နေ့တွင် အကြမ်းဖက်လုပ်ရပ်များကို စတင်ခဲ့ပြီး (၁၀၂၇) ဟုသွေးရူးသွေးတန်း နာမည်ပေးထားသော ခေါင်းစဉ်အောက်တွင် သွေးရူးသွေးတန်း သေဆုံးကုန်ကြသည့် အကြမ်းဖက်မသာလောင်းပေါင်း မရေမတွက်နိုင်အောင်များပြားနေသော်လည်း အကြမ်းဖက်လုပ်ရပ်မှတပါး အခြားမရှိတော့သော အခြေအနေသို့ရောက်ရှိနေကြပြီဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်များအတွက် ငွေကြေးအရမ်းလိုအပ်နေတဲ့အတွက် (NUG+PDF+AA+KIA+TNLA+MNDAA+UWSA) အကြမ်းဖက်အဖွဲ့တွေဟာ လောက်ကိုင်၊ချင်းရွှေဟော် စတဲ့မြို့တွေမှာ အွန်လိုင်း ငွေလိမ်လည်တဲ့လုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့တဲ့အတွက် မူရင်း အွန်လိုင်းငွေသခိုး ကိုးကန့်အများစုပါ ဘဝပျက်ကြရတာလို့ အချင်းချင်း ပြောဆိုနေကြတာလည်းတွေ့ရပါတယ်။

(အရင် ကိုးကန့်တွေ၊ဝ တွေ အွန်လိုင်းကနေငွေလိမ်ပြီး ခိုးတာက သိပ်မသိသာဘူး။ ဒါပေမယ့် (NUG+PDF) အပါအဝင် မြောက်ပိုင်း(၃)ဖွဲ့ကပါ အာရုံကျလာပြီး တခြား ဘာအလုပ်မှ မလုပ်တော့ဘဲနဲ့ ဖုန်းနဲ့ ကွန်ပြူတာနဲ့ တနေကုန် ထိုင်ပြီး အင်တိုက်အားတိုက်ငွေလိမ်လိုက်ကြတာ နောက်ဆုံး တရုတ်ကြီး မခံနိုင်တော့ဘူး။ တရုတ်ယွမ်ငွေ (၅၀) ဘီလီယံကျော်တယ်တဲ့ဗျာ။ ဒါက ဒီတလအတွင်းနော်။ (NUG) ကအဲ့ဒီငွေတွေနဲ့ စစ်ဆင်ရေးကို (၁၁၁)ဆိုပြီးအကောင်အထည်ဖော်မှာ။ မြောက်ပိုင်းအဖွဲ့တွေကတော့ တရုတ်ကဖမ်းမှာကြောက်လို့ သူတို့ကစပြီး ငွေလိမ်ဂိုဏ်းကို ချေမှုန်းမယ်ဘာညာ ရှောက်အော်နေတာ။ သူတို့နာမည်တွေပါနေတာလည်းသိရော။ငွေလိမ်ဂိုဏ်းအကြောင်းကြားသေးလား။ ဘယ်ကြားမလဲ။ ဒါကြောင့် တိုင်းရင်းသားတွေကို ရိုးတယ်မထင်နဲ့ အကုန်လုံးက ခများတို့ကို ရောင်းစားသွားနိုင်တယ်)
လို့ ဒေသတွင်းနေပြည်သူများက (RFM) သတင်းဌာနကိုပြောပါတယ်။

(အမှန်တကယ်က ကျွန်တော်တို့စီစဉ်ထားတာက နိုဝင်ဘာ(၁)ရက်နေ့လေ။ (၁၁၁)လေ ကျွန်တော်တို့ဆွဲထားတဲ့အစီအစဉ်ကို သူတို့က ကြားကဖြတ်ပြီး နိုင်ငံရေး အမြတ်ထုတ်တာလို့ဘဲမြင်တယ်။ တကယ်တမ်း ရှေ့ဆုံးကတိုက်ရတာက ကျွန်တော်တို့ ပီဒီအက်တွေ။အခုကထဲက ဒီကောင်တွေ ကျွန်တော်တို့ ဗမာတွေအပေါ် မရိုးသားဘူးဗျ။တော်လှန်ရေးပြီးရင် ဒီကောင်တွေနဲ့ပြန်ဆော်ရမှာသေခြာတယ်) လို့ ထွက်ပြေးလာပြီး ပုန်းရှောင်နေတဲ့ ပီဒီအက်တစ်ကောင်က(RFM) သတင်းဌာနကိုပြောပါတယ်။

(မနေ့ကလည်း ဧဒင်ဥယျဉ် စားသောက်ဆိုင်မှာ သေတာဆိုမြင်မကောင်းဘူးဗျာ။ ပလောင်ရယ် ပီဒီအက်ရယ် အဖွဲ့တွေက ဧဒင်ဥယျာဉ်စားသောက်ဆိုင်ထဲမှာ ရှယ်ကို အပီဆွဲနေတာ။ စားသောက်ဆိုင်ပိုင်ရှင်ကလည်း အကြမ်းဖက်အားပေးကောင်ပဲလေ။ စားလို့ သောက်လို့ပြီးတော့ အဲ့ဒီစားသောက်ဆိုင်ထဲမှာဘဲ အစည်းအဝေးလုပ်ကြတယ်။ ဘယ်သူကဘယ်လိုတိုက်၊ဘယ်နားကတာဝန်ယူပေါ့လေ၊အသေးစိတ် မြေပုံကြီးတွေချပြီး ပြောနေကြတာ။ မသိရင်တော့ ဆရာကြီးတွေဘဲ။ မကြာဘူးဗျ ၊ကျောက်မဲဖက်ကနေ (Mi-35) ရဟတ်ယာဉ်(၂)စီး ဝုန်းကနဲရောက်လာပြီး တခါထဲတန်းပစ်တော့တာ။ အသံတွေကို ဆူညံသွားတာဘဲ။စားသောက်ဆိုင်လည်း ဒီခေတ်ကလေးတွေပြောစကားအရဆိုရင် အေးချမ်းမေဖြစ်သွားတာပေါ့။ပလောင်တွေ ပီဒီအက်တွေ သေမသေတော့မသိဘူး။ ကျွန်တော့်ရှေ့မှာ တယောက်နဲ့တယောက်တွဲသွားတာဆိုလို့ (၃)တွဲ (၄)တွဲထက်မပိုဘူး။ မကြာဘူး စစ်တပ်က ကား(၄)စီး။ စစ်သားအပြည့် တခါထဲရောက်လာပြီး အလောင်းတွေတခါထဲသယ်သွားတာ။စစ်သားတွေကတော့ အဲ့ဒီနားမှာ နေခဲ့ကြတယ်။ အလို ရက်စက်တယ်ဗျာ ဆော်ချက်ကတော့။ ဒါပေမယ့်ဗျာ ဒီသတင်းတွေ အွန်လိုင်းမှာ မတင်ကြဘူးနော်၊ ပလောင်တို့ပီဒီအက်တို့ဖက်ကပြောပါတယ်။ မတင်ကြဘူးနော်၊တင်ရင်လည်း စစ်ခွေးသေဘာညာ။သူတို့သေတာကျ ပြောရမှာကြောက်နေကြတယ်)
ဟု ဒေသခံ များက (RFM) သတင်းဌာနကိုပြောပါတယ်။

ဧဒင်ဥယျာဉ်စားသောက်ဆိုင်ဟာလည်း အကြမ်းဖက်ပလောင်နဲ့ပီဒီအက်တွေအတွက် အားရစရာ မသာပုံကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။

Post a Comment

Previous Post Next Post