တောင်ကြီးမြို့နယ်ရှိ ပင်းပက်သံမဏိစက်ရုံစီမံကိန်းတွင် သံရိုင်းအမျိုးအစား သတ္တုနှစ်မျိုးသာ အဓိကတွေ့ရှိပြီး နျူကလီးယားထုတ်လုပ်ရန်လိုအပ်သည့် ယူယေနီယမ်နှင့် ပလူတိုနီယမ်သတ္တုတို့ကို ရှာဖွေတွေ့ရှိခြင်းမရှိ


စက်ရုံမှ အသုံးပြုမည့် ပင်းပက်သံသတ္တုသံရိုင်း (Iron Ore) တွင်ဟီမင်တိုက်နှင့် လီမွန်နိုက်ဟူသော သံရိုင်းအမျိုးအစားနှစ်မျိုးသာ အဓိကပါဝင်ပြီး ကျန်သတ္တုများတွင် ဆီလီကာနှင့် အလူမီနာသတ္တုရိုင်းများ ရာခိုင်နှုန်းအနည်းငယ် ရောနှောပါဝင်လျက်ရှိကြောင်း၊ အထူးသဖြင့် နျူကလီးယား ထုတ်လုပ်ရန် လိုအပ်သော ယူယေနီယမ်နှင့်ပလူတိုနီယမ် သတ္တုတို့ကို ရှာဖွေမတွေ့ရှိကြောင်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ကို တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်ပြီး နိုင်ငံတော်၏ သံနှင့်သံမဏိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Post a Comment

Previous Post Next Post