ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ညီလေးရေးထားတဲ့စာပါ ရှင်းတယ် အပိုဆာဒါးမပါဘူး


လူ ၅၀၀ လောက်ရှိတဲ့ လျှိုထဲ လေယာဥ်ဗုံး၂လုံးချပြီး စက်လက်နဲ့ မွစာကြဲအောင် ပစ်တာတောင် EAOs တစ်ယောက်မှ မကျဘူးဆိုတာ ယုံတဲ့သူလည်း ရှိမှာပေါ့။ ကွမ်လုံမှာ ရန်သူတက်လုံးတဲ့ လျှိုတွေဆိုတာ လေယာဥ်ဗုံးချပြီးနောက် ရန်သူ့ဘက်က စက်လက်တစ်လက်နဲ့၊  တရုတ်ရိုင်ဖယ်တစ်လက်ပဲ တစ်ချက်ချင်း အသံကြားတော့တာ။

အများဆုံးကျတာ PDF တွေပဲ။ EAOs တွေက လုပ်စားလာတာ နှစ် ၆၀ ကျော်ဆိုတော့ ဘာသံမှ မထွက်ဘူး။ Online ကနေ စစ်ခွေးတွေ မှတ်ပလားကွဆိုပြီး မျက်ရည်ခိုးသုတ်နေတာ ရန်ကုန်၊ ပဲခူးကနေ ရှမ်းမြောက်မှာ ခြေကျွံလာတဲ့ PDF လေးတွေပဲ။ ကိုးကန့်က ကိုယ်တိုင် ရှေ့ကတက် တိုက်တာမဟုတ်ဘူး။ လက်နက်၊ ခဲယမ်းလိုချင်တဲ့ PDF လေးတွေကို သုံးယောက် တစ်လက်နှုန်းနဲ့ လက်နက်ထုတ်ပေးပြီး လူလှိုင်းနဲ့ ခြောက်ခိုင်းတာ။

ဘယ်နှစ်ယောက်ကျပါတယ်လို့ မထုတ်ပြန်နိုင်တာ ဘာလို့လဲ သိလား။ တပ်ကနေ လက်နက်ကြီးကျလိုက်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်က အုပ်သွားလိုက်၊ လေယာဥ်က ပစ်သွားလိုက်နဲ့ တစ်စစီဖြစ်သွားတဲ့ ကောင်တွေကို ဘယ်လို အလောင်းကောက်မလဲ။ ကြားဖြတ်သတင်းတွေ ရှိပြီးသား။

ကျွန်တော်က Media သတင်းထောက် မဟုတ်ဘူး။ ကွမ်လုံတိုက်ပွဲ ခုခံစစ်မှာ အရေးပါတဲ့ တစ်နေရာက ရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက် သပ်သပ်ပဲ။ ဝါဒဖြန့်စရာလည်း ဘာအကြောင်းမှ မရှိ။ ထပ်ပြောမယ်။ PDF ရော၊ EAOs ရော တပ်မတော်ကို မနိုင်ဘူး။ အသာစီးရလည်း ခဏပဲ။ အာဏာထိန်းဖြစ်စဥ်ကို မုန်းတာနဲ့ပဲ တပ်ကို နာကြည်းအောင် လုပ်ရင် ရင်ဝကို လှံစွပ် ဝင်လိမ့်မယ်။ ကျားနာရင် ပိုခဲတတ်တယ်ဆိုတာ သိထားစေချင်တယ်။

Photo - တိုက်ပွဲဖြစ်စဥ်အတွင်း ရန်သူ့ Drop Bomb ဒဏ်နဲ့ ပစ်ခတ်မှုကြား ထက်အောက် ဆက်သွယ်မှု မပြတ်တောက်ရေး ဆောင်ရွက်စဥ်

Crd

Post a Comment

Previous Post Next Post