နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပိုလှူဒါန်းလျက်ရှိရာ  ယနေ့တွင်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ်လှူဒါန်းခဲ့ကြတယ်လို သိရပါတယ်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပိုသည့် “ တပ်မတော်သားများ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ ကျန်းမာကြပါစေ၊ တရားသောစစ်ကို ဆင်နွှနေကြသည့် ပြည်သူ့တပ်မတော်သားများ တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ ” စသည့် ဆုတောင်း မေတ္တာစာလွှာများလည်း ပါရှိပြီး တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲဝင်များ လက်ဝယ်အရောက် ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။

Post a Comment

Previous Post Next Post