စစ်တိုက်ရတာပျော်တဲ့စစ်သား မရှိပါဘူး


စစ်တိုက်မလား ? အမေ့အိမ်ပြန်မလား ?
မိသားစုအနားမှာပဲ နေမလား ?ဆိုရင်
နှစ်ခါဖြေစရာကို လိုမယ်မထင်ပါဘူးဗျာ

အမိမြန်မာနိုင်ငံတော် မပြိုကွဲစေဖို့
အမျိုးဘာသာ သာသနာ မတိမ်ကောစေဖို့
တာဝန်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်နေကြတယ်

ကျောပိုးအိတ်ထဲက မိသားစုဓာတ်ပုံဆိုတာ
A . 4 စက္ကူတစ်ရွက်စာ လောက်တောင်
နေရာမယူနိုင် နေရာမပေးနိုင်ခဲ့ပါဘူး
ရင်ထဲမှာတော့ အလွမ်းကိုယ်စီပြည့်နေလေရဲ့

စစ်သား တစ်ယောက်ဖြစ်ရင် ဆင်းရဲမယ် ငတ်မယ်
အခက်အခဲနဲ့ ဒုက္ခပေါင်းစုံ ကြုံတွေ့ရင်ဆိုင်ရမယ်
ကံမကောင်းရင်သေမယ် ဘာလို့တပ်ထဲဝင်လဲမေးရင်
ယုံကြည်ချက် ခံယူချက်ကြောင့်ပဲလို့ ဖြေကြလိမ့်မယ်

စစ်သားဖြစ်ရတာ ကောင်းလားလို့တော့ မမေးနဲ့
ယောင်္ကျား နဲ့ မိန်းမ အိမ်ထောင်ပြုသလိုပေါ့
လူတိုင်းမှာ သူ့ခံစားချက်နဲ့သူပဲလေ
ရင်ထဲရှိတာ ပြောပြနေစရာမှမလိုတာ

ဒါပေမယ့် ခံယူချက်ကောင်းတဲ့
ကျနော်တို့ တပ်မတော်သားတိုင်းမှာ
ယောင်္ကျားဆန်တဲ့ စိတ်ဓာတ်ပဲရှိတယ်
ဘယ်တော့မှ နောင်တမရဘူး နောက်မဆုတ်ဘူး
နာကျင်သမျှကိုလည်း ငိုကြီးချက်မ ပြောမနေဘူး
အဖွဲ့အစည်းကို မပုတ်ခတ်ဘူး မစော်ကားဘူး
ရင်ထဲက ခံစားချက်အနာတရတွေကိုတော့
ဟာသ အဖြစ်လောက်သာ ကျနော်တို့
သွယ်ဝိုက်ပြီး ပြောပြကြပါလိမ့်မယ်
အဲ့ဒါ စစ်သားကောင်းတွေရဲ့ သိက္ခာပဲ...။

⚓🇲🇲⚓တရားသောစစ် အောင်ရမည်⚓🇲🇲⚓

Crd

Post a Comment

Previous Post Next Post