ရခိုင်ပြည်နယ်ကို "စစ်" ခေါ်လာတဲ့ AA လက်နက်ကိုင်အဖွဲ့


+++++++++++
May Yu Htar Nay

ရခိုင်သားတွေက စစ်ကိုခေါ်တာ မဟုတ်ပါဘူး။ မှန်ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကိုခုတုံးလုပ် အမျိုးသားရေးမှိုင်းတိုက်သွင်းပြီး လက်နက်ကိုင်တိုက်မယ်ဆိုတဲ့လုပ်ရပ်နဲ့ ရခိုင်ပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်မှုကိုဖျက်ဆီးပြီး စစ်မီးတောက်အောင်လုပ်တဲ့ ထွန်းမြတ်နိုင်ရဲ့ ULA/AA အဖွဲ့ကြောင့် ရခိုင်ပြည်နယ် စစ်မီးတောက်နေရတာပါ၊ လိုင်ဇာကနေ ရခိုင်ပြည်နယ်ထဲကို AA ရောက်လာတဲ့အချိန်ကစပြီး -
AA ရဲ့ လုပ်ရပ်တွေကို ဝေဖန်ကြတဲ့ရခိုင်တွေ ၊ AA ရဲ့လမ်းစဉ်ကို သဘောမတူတဲ့ရခိုင်တွေဟာ အမျိုးသားသစ္စာဖေါက်တွေဆိုပြီး ဆဲဆိုခြိမ်းခြောက်ခံခဲ့ကြရတယ်၊    အဖမ်းခံခဲ့ကြရတယ်၊ အသတ်ခံခဲ့ကြရတယ်။

AA ဟာ သူတို့ရည်ရွယ်ချက်နဲ့လုပ်ရပ်တွေ အောင်မြင်ဖို့အတွက် ပထမအဆင့် အနေနဲ့  အမျိုးသားရေးဆိုတဲ့ ခေါင်းစဉ်နဲ့လူမျိုးရေး အမုန်းတရားတွေဖြစ်လာအောင် ရခိုင်လူထုကို စည်းရုံးလှုံဆော်တယ်။ လူတွေရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံအစိုးရဟာ ဗမာအစိုးရ၊ မြန်မာ့တပ်မတော်ဟာ ဗမာစစ်တပ်ဆိုတဲ့ လူမျိုးရေးအရ ထင်မြင်လာအောင် သွေးထိုးလှုံ့ဆော်တယ်။ ပြီးတော့  ရခိုင်ပြည်သူတွေကို ချနင်းတယ်။  ULA အဖွဲ့ ဖွဲ့စည်းပြီး အဲ့ဒီအဖွဲ့ထဲကသူတွေက မြို့/ရွာထဲမှာနေတယ်။ ဒေသခံတွေကို စည်းရုံးတယ်၊ AA အတွက် လိုအပ်တဲ့ ရန်ပုံငွေကောက်ပေးတယ်။ အစိုးရနဲ့အပြိုင် အုပ်ချုပ်ရေးလုပ်ငန်းတွေကို  နှောင့်ယှက်ဝင်လုပ်တယ်။ နယ်မြေလုံခြုံရေးတာဝန်လုပ်နေတဲ့ စစ်ကြောင်းတွရဲ့လှုပ်ရှားမှုကို မြို့ထဲ ရွာထဲကနေပြီး သတင်းပေးတယ်၊ ပစ်တယ်။ စစ်တပ်က ရွာကိုလာရင်  ရွာကို ဘာအကာအကွယ်မှ မပေးနိုင်ပဲ ဖနောင့်နဲ့တင်ပါး တစ်သားတည်းနေအောင် ပြေးကြတယ်။ ဒီလိုနဲ့ စစ်တပ်ကလဲ ဒေသခံပြည်သူတွေကို သူပုန်အားပေးဆိုပြီး မယုံကြည်မှုတွေ တိုးလာတယ်။ ဒီလိုကိစ္စတွေဟာ AA က ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်တယ်။

လူမျိုးရေးအသွင်မြင်လာအောင် သွေးထိုးလှုံ့ဆော်ခံထားရတဲ့ ရခိုင်ပြည်သူတွေဟာ သေဆုံး၊ ထိခိုက်၊ ဆုံးရှုံးမှုတွေ၊ အဖမ်းခံရတာတွေများလာတာနဲ့အမျှ အစိုးရနဲ့စစ်တပ်ကို လူမျိုးရေးအရ မုန်းတီးမှုတိုးလာတယ်။ AA လော်ဘီမီဒီညာတွေက ပြည်သူကို သတင်းအမှားတွေနဲ့ အစိုးရနဲ့စစ်တပ်ကို ပုံရိပ်ကျအောင်လုပ်တယ်။ ULA/AA ရဲ့ သတင်းတွေဆိုရင်တော့ မသိသလိုနဲ့သတင်းအမှောင်ချထားတယ်။ အရပ်သားတွေက   တဖက်ကိုနာကျဉ်းမုန်းတီးနေမှ  ULA/AA အနေနဲ့ သူတို့ ရည်ရွယ်ချက်အောင်မြင်မယ်၊ AA ရဲ့ စစ်ရေးဗျူဟာ အောင်မြင်လာလေပင် ဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေ သေဆုံးထိခိုက် ဆုံးရှုံးမှုတွေများလာဖို့၊ ဒုက္ခဆင်းရဲမျိုးစုံရောက်နေမှ စစ်တပ်ကို မုန်းတီးမှုတွေများလာဖို့အတွက် ပိုပြီးဇာတ်နာအောင် လုပ်လာတယ်။ ဥပမာ အခု ပေါက်တောမြို့ စစ်ဘေးသင့်နေရတဲ့ အဖြစ်မျိုး၊ ပေါက် တောမြို့ဆိုတာ အရင်ကအေးချမ်းခဲ့တဲ့မြို့လေးပါ၊

အခုလက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခတွေအားလုံးဟာ စစ်ပွဲကြောင့်ပဲဖြစ်တယ်။ စစ်ပွဲဆိုတာ နှစ်ဖက်တိုက်ခိုက်တာဖြစ်ပြီးတော့ ကြားထဲက ပြည်သူတွေကတော့ ဆင်းရဲ ဒုက္ခ ခံစားရစမြဲပါ။ ဒါပေမယ့် ဒီစစ်မီးကို ဘယ်သူက ရခိုင်မြေမှာ ဖန်တီးလာခဲ့တာလဲ ? နှစ်ဖက်အပစ်ရပ်နားလည်မှုကတိကဝတ်ကို ဘယ်အဖွဲ့က စတင်ချိုးဖောက်ခဲ့တာလဲ?

လူမျိုးရေးအမုန်းတရားတွေ ဖြစ်တည်ပွားများလာရတာတွေဟာလဲ AA  စစ်ရေးဗျူဟာအောင်မြင်ဖို့အတွက် AA နဲ့ အပေါင်းအပါတွေရဲ့ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုကြောင့်ပါပဲ။

အခုအချိန်မှာ ရခိုင်ပြည်သူတွေဟာလည်း AA က သူတို့စစ်ရေးဗျူဟာ အောင်မြင်ဖို့အတွက် ဒေသခံပြည်သူတွေကို အသုံးချနေတာကိုသိနေကြပြီမလို့ ULA/AA ကို ရခိုင်ပြည်သူအားလုံးလည်း မထောက်ခံကြတော့ပါဘူး။ လေလှိုင်းပေါ်က အမုန်းတရားတွေနဲ့ လူမျိုးရေးမှိုင်းတိုက်နေတဲ့ AA လော်ဘီနဲ့အပေါင်းအပါတစ်ချို့ကတော့ စစ်ဘေးသင့်နေရတဲ့ ရခိုင်ပြည်သူတွေကို ဘာတစ်ခုမှအကူအညီမပေးပဲ ရခိုင်လူမျိုးအားလုံးက ULA/AA ကို ထောက်ခံနေကြတယ်လို့ ပြောဆိုပြီး စစ်မီးကိုပိုမိုပြင်း ထန်အောင်လှုံဆော်နေကြတာကို တွေ့နေရပါတယ်။ ရခိုင်ပြည်သူများအားလုံး စဉ်းစားချင့်ချိန်ကြဖို့လိုပြီလို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ ~  အမှားအမှန်ကို ဝေဖန်ပိုင်းခြား
စဉ်းစားဆင်ခြင် တွေးခေါ်နိုင်ကြပါစေ။
#MayYuHtarNay

Post a Comment

Previous Post Next Post