ရန်ကုန်မြို့ရှိ ဆိုင်များသို့ အရေးပေါ် စက်သုံးဆီ ဖြည့်တင်းပေးနေ


ရန်ကုန်မြို့စည်ပင်နယ်နမိတ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီဖြည့်တင်းမှုများ အရေးပေါ်လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များ၏ ဆီလိုအပ်ချက် လျော့ကျလာပြီး ဆီပြတ်လပ်မှုကို အထိုက်အလျောက် ပြေလည်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အရောင်းဆိုင်အချို့တွင် ဆီဖြည့်တင်းရန် ထွက်ခွာလာသည့် ဆီသယ်ယာဉ် မရောက်မီ ကာလအတွင်း ခေတ္တ အရောင်းရပ်ဆိုင်းထားရသည့် အခြေအနေမျိုးများ ရှိနေသော်လည်း အချိန်မီဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေဟု စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးသန်းဇော်က ပြောကြားထားသည်။

Post a Comment

Previous Post Next Post