မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှုအတွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှုတွေကို ထဲထဲဝင်ဝင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား


မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ရဲ့ တွေ့ဆုံမှုအတွင်းမှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှုတွေကို ထဲထဲဝင်ဝင် ဆွေးနွေးနိုင်ခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တစ်နေ့တာအတွင်း နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်တဲ့ ရှင်ူလင်းထုတ်ပြန်မှုအတွင်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြီးရင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တိုးတက်မြှင့်တင်အောင်ဆောင်ရွက်နိုင်ဖို့လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း ၎င်းကပြောပါတယ်...

Post a Comment

Previous Post Next Post