ပြည်သူလူထု စိုးရိမ်မှု


တရုပ်ဟာအင်အားကြီးအိမ်နီးချင်းနိုင်ငံဖြစ်လို့ အဆင်ပြေအောင်ပေါင်းသင်းရမယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့်အဆင်ပြေအောင် အောက်ကျို့ခံပေါင်းရတာမဟုတ်တဲ့မိမိအချုပ် အခြာအာဏာ ကိုထိပါးမခံတဲ့ နှစ်နိုင်ငံတန်းတူ ဆက်ဆံရေး နဲ့အဆင်ပြေအောင်ပေါင်း သင်း ဆက်ဆံရေးသာဖြစ်သင့်ပါတယ်။

နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းတရုပ်နိုင်ငံသာမက အမေရိကန် ရုရှားလည်းကိုယ့်နိုင်ငံအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ကြစမြဲ ဖြစ်လို့ ဘယ်နိုင်ငံမှအားမကိုးတဲ့မိမိကိုယ်သာအားကိုးရာဖြစ်ဖို့လိုပါတယ်။

နိုင်ငံတကာပြဿနာတွေဖြေရှင်းတဲ့ကမ္ဘာ့ကုလသမဂ္ဂပင်လျှင်(အခုလို မျက်နှာပြောင်တိုက်ဘက်လိုက်တဲ့ကာလမဟုတ်တဲ့ ပေါ်ပေါက်ကာစကာလ)တရုပ်ဖြူကျူးကျော်မှုကိစ္စမှာ ပြန်လည်ဆုတ်ခွာဖို့ ဆုံးဖြတ်ပေးခဲ့ပေမယ့်လက်တွေ့မြေပြင်မှာမဆုတ်ခွာပေးတဲ့အတွက် မိမိအင်အားနဲ့သာပြန်တိုက်ထုတ်ခဲ့ရတဲ့သမိုင်းကို မမေ့ကြဖို့လိုပါတယ်။

ပြည်တွင်းရေးမှာအမေရိကန်စီအိုင်အေဝင်မွှေနေတာ၊တရုပ်ဝင်နှောက်နေတာတွေဟာ သူတို့နိုင်ငံအကျိုးစီးပွားအတွက်လုပ်နေကြတာဖြစ်လို့ သူတို့ဘက်ကကြည့်ရင်အမှန်တရားသာဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်က တရုပ်ထိန်းချုပ်ရေးအတွက်မြန်မာနိုင်ငံကိုအသုံးချမှာဖြစ်သလို အင်အားကြီးနိုင်ငံဖြစ်လာတဲ့တရုပ်ကလည်း သူ့ အနောက်ခြမ်း တည်ငြိမ်လုံခြုံမှုရှိရေး မြန်မာကိုကြားခံကစားမှာဖြစ်လို့ လိမ်မာပါးနပ်တဲ့သံတမန်ဆက်ဆံရေးနဲ့ မာကျောတောင့်တင်းတဲ့စစ်ရေးတည်ဆောက်နိုင်မှု မရှိရင် ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်အဖြစ် မြန်မာနိုင်ငံကြေမွပျက်စီးသွားမှာ ဖြစ်ပါတယ်။

တရုပ်နောက်ခံEAOs နဲ့အမေရိကန်နောက်ခံEAOs ဆိုတဲ့အုပ်စုကြီးနှစ်ခု ထင်ရှားတည်ရှိနေတဲ့ တိုင်းပြည်ဟာ အချိန်မရွေးထ ပေါက်ကွဲနိုင်တဲ့ယမ်းအိုးကြီးလို ဖြစ်နေပါတယ်။

အခုမြောက်ပိုင်းသုံးဖွဲ့ စရှို့လိုက်တဲ့စစ်မီးဟာ ဖက်ဒရယ်အရေးဒီမိုကရေစီအရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး လို့ မျက်မမြင်ပုဏ္ဏား တွေလို စမ်းမိစမ်းရာ အော်နေကြပေမယ့် အစစ်အမှန်က တရုပ်အမေရိကန်အားစမ်းကွင်းအဖြစ် အသုံးချခံနေရခြင်းသာဖြစ်ပါတယ်။အစိုးရနဲ့တပ်မတော်ကသာ မာမာချာချာ မထိန်းနိုင်ရင် ဆီးရီးယား လစ်ဗျား ထက်ဆိုးတဲ့ ပြည်တွင်းစစ်ဆီဦးတည်သွားမှာ ဖြစ်ပါတယ်။

ဆီးရီးယားလစ်ဗျားမှာလက်နက်ကိုင်အဖွဲ့သုံးလေးဖွဲ့ထက်မပိုပေမယ့် မြန်မာနိုင်ငံမှာလက်နက်ကိုင်အဖွဲ့ပေါင်းရာချီရှိနေတဲ့အတွက် နေရာလုပွဲအာဏာလုပွဲ လူမျိုးရေးအမုန်းကြွေးဂလဲ့စားချေပွဲများနဲ့ အစိတ် စိတ်အမြွှာမြွှာပြိုကွဲသွားမှာဖြစ်ပါတယ်။

အခုစစ်ဖြစ်တဲ့နေရာတွေကနေမဖြစ်တဲ့နေရာတွေဆီ စစ်ရှောင်လို့ရကြသေးပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအထိစစ်မီးကျယ်ပြန့်သွားရင် ပြည်သူတွေပြေးစရာမြေမရှိတော့ တဲ့အတွက်ဘယ်လောက် ဒုက္ခရောက်ကြမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်ဆိုတဲ့သုံးဖွဲ့မှာတင်MNDAAက တရုပ်တပည့်အရင်း၊TNLAက အမေရိကန်စီအိုင်အေ ကတဆင့် KIAက မွေးထုတ်လိုက်တာဖြစ်ပြီး အခု UWSA ဆီတပည့်ခံထားတာဖြစ်လို့နှစ်ဖက်ခွဖြစ်နေပါတယ်။AAလည်းအလားတူဖြစ်လို့ TNLAနဲ့AAဟာMNDAAလို တရုပ်တပည့်ရင်းမဟုတ်တဲ့အတွက် တစ်ချိန်မှာ ဆရာလုတပည့်လုရင်းပြဿနာတက်ကြရမှာသေ ချာ နေပါတယ်။တရုပ်နဲ့အမေရိကန်အုပ်စုနောက်ခံလက်နက်ကိုင်အဖွဲ့များ၊နှစ်ဖက်ခွအဖွဲ့များနဲ့ ကြားအဖွဲ့များထင်ရာမစိုင်းနိုင်အောင်ထိန်းနိုင်တဲ့ တပ်မတော်သာ အင်အားချည့်နဲ့သွားရင် တိုင်းပြည်အရေးဟာမတွေးဝံ့စရာဖြစ်လို့အခုစစ်ရေးအခြေအနေတွေကိုကြည့်ပြီးပြည်သူအများစုစိုးရိမ်ပူပန်နေကြရတာ ဖြစ်ပါတယ်။

credit#ThaungLwinHein
#SoeLay

Post a Comment

Previous Post Next Post