အညွန့်ခူးစားသူ


NUG ခေါင်းဆောင်တွေနဲ့ပတ်သက်ရင် များသောအားဖြင့်
မရေးခဲ့ဘူး။

ဘာကြောင့်လဲဆိုတော့
မသိနားမလည်တဲ့ လူငယ်တွေကို တပ်မတော်မုန်းတီးရေး
အဆိပ်ခပ်ပြီး တိုက်ပွဲဝင်ခိုင်းလွန်းလို့။

လူငယ်တွေကိုသာ တိုက်ပွဲဝင်ခိုင်းတာ သူတို့ကတော့
ပြည်ပမှာနေပြီး စည်းစိမ်ခံနေကြလို့။

အခုလည်းလာပြန်ပြီ။

" တိုင်းရင်းသားတွေရဲ့ အောင်ပွဲဟာ နွေဦးအောင်ပွဲ " တဲ့။

ဘာဆိုင်လဲ?

၁၀၂၇စစ်ဆင်ရေး မှာ NUG လက်အောက်ခံ NUG MOD
တပ်တွေ ဘယ်နှစ်တပ်ပါလို့လဲ။

နဂါးရဲ့ BNRA ရယ် ၊ မောင်ဆောင်းခရဲ့ BPLA ရယ်
မန္တလေး PDF ရယ်ပဲပါတယ်။

အဲ့ဒီ ပါတဲ့ အထဲမှာမှ
မောင်ဆောင်းခရဲ့ BPLA ကိုလည်း NUG အုပ်စုက
အကောင်းပြောတာမဟုတ်ဘူး။

နဂါးရဲ့ BNRA နဲ့ဆို ခဏခဏ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပုတ်ချ
နေကြတာ။

မကြာခင်ကပဲ

နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်တွေကို NUG MOD လက်အောက်
ခံ ကန့်ဘလူခရိုင်တပ်ရင်းတွေက ဖမ်းသွားလို့ ပြဿနာ
ဖြစ်နေကြသေးတယ်။

တကယ့်တကယ်က
NUG အုပ်စုဟာ အခုမှ မဟုတ်ဘူး။

NLD အစိုးရကာလထဲက တိုင်းရင်းသားတွေကို အခွင့်
အရေးမပေးခဲ့တာ။

ကယားပြည်နယ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိစ္စတို့
မွန်ပြည်နယ်က တံတားအမည်ပေးတဲ့ ကိစ္စတွေမှာ အစိုးရ
ဆိုတဲ့ အင်အားကို အသုံးပြုပြီး တိုင်းရင်းသားတွေကို
အနိုင်ကျင့်ခဲ့တာ။

ရွေးကောက်ပွဲလုပ်တော့လည်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်
နယ်က မဲဆန္ဒနယ်မြေတစ်ချို့မှာ သူတို့ပြိုင်ရင် မနိုင်နိုင်
ဘူးဆိုတာ သိလို့အဲ့ဒီနယ်မြေတွေကိုလုံခြုံရေးအကြောင်း
ပြပြီး ရွေးကောက်ပွဲ မလုပ်ပေးခဲ့တာပေါ့။

၁၀၂၇စစ်ဆင်ရေးရဲ့ အဓိက စစ်ရေးရည်မှန်းချက်က -

MNDAA က ကိုးကန့်ဒေသကို လိုချင်လို့။

TNLA က နမ့်ခမ်းတို့ ၊ နမ့်ဆန်တို့လို ဒေသတွေကို လိုချင်
လို့။

AAက ရခိုင်ပြည်နယ်မြောက်ပိုင်းကို ခြေကုတ်ယူချင်လို့။

အဲ့ဒါကို
NUG ယာယီသမ္မတက
တိုင်းရင်းသားတွေရဲ့အောင်ပွဲဟာ နွေဦးအောင်ပွဲဆိုတော့။

ဂျင်းထည့်သူကလည်း မျက်နှာပြောင်နဲ့ ဂျင်းထည့်။

ဂျင်းထည့်ခံရသူတွေကလည်း ဂျင်းထည့်မှန်းသိရက်နဲ့
ဂျင်းထည့်ခံ။

အဲ့ဒီလို လူလိမ်တွေကြားထဲမှာမှ
ကျွန်တော်တို့ တပ်မတော်ကြီးက ရှေ့မတိုး၊နောက်မဆုတ်။

ပြည်သူတွေက ငုတ်တုတ် ။

Credit.....

...🇲🇲#ManMan🇲🇲....

Post a Comment

Previous Post Next Post