ဆေးမြီတိုနဲ့ကုရာကစခဲ့တဲ့ပြဿနာ


UWSP/ UWSA ပါတီ ထူထောင်ခြင်း ၃၅ နှစ်ပြည့်
အခမ်းအနားမှာ မြန်မာအလံပျောက်
ပါပြီ။သဘောကတော့ အတိအလင်း
ပုန်ကန်တယ်လို့ မကြေငြာတာပဲ ရှိတော့
တယ်။မြန်မာကို စော်ကားလိုက်တယ်လို့
ယူဆမိတယ်။

UWSA MNDAA နဲ့ မိုင်လား NDDA
တို့ အကြောင်းပြောတဲ့ အခါ နဝတ/နအဖ
တို့ခေတ် က ငြိမ်းချမ်းရေး လုပ်ခဲ့တာကို သတိ
ရမိတယ်။အဲဒီခေတ်က သတင်းစာတွေမှာ
ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့ကြီး
၁၇ ဖွဲ့ နဲ့ လက်နက်ကိုင်အဖွဲ့ငယ် ပေါင်း ဘယ်လောက်
ကို ငြိမ်းချမ်းရေး လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြေ
လေ့ရှိသလို ရေးသားလေ့လည်း ရှိတာကို
တွေ့ရတယ်။

ဒါပေမဲ့ တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး
ဖြစ်ခဲ့သလားဆိုတာကို တော့ စဥ်းစား
ကြည့်စေချင်တယ်။

၁၉၈၉ မှာ ဗကပ
ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ကြီး ပြိုကွဲသွားတဲ့
နောက်မှာ နောက်ထက် လက်နက်ကိုင် အဖွဲ့တွေ
ထပ်မံမွေး ဖွားလာတာက UWSA MNDAA
NDAA တို့ပေါ်လာတယ်။

၂၀၀၈ ခြေဥမပေါ်သေး၊ နဝတ/နအဖ မှာ
Mandate မရှိဘူး၊ နိုင်ငံရေး ရည်မှန်းချက်
မမြင်ရသေးဘူး၊ လက်နက်စွန့်လွှတ်ဖို့ မလို
လို့ DDR SSR ထိ သွားစရာမလို တဲ့ ငြိမ်းချမ်းရေး
မျိုးကို ဒီ EAOs အဖွဲ့ တွေ က ကောင်းကောင်းအသုံး
ချသွားတယ်။

နဝတ/နအဖ ကလည်း နိုင်ငံရေးအရ အပြီးသတ်
ဆွေးနွေးမှုမျိုးကို နောင်ရွေးကောက်ပွဲနဲ့
တက်လာမဲ့ အစိုးရ လက်ထက်လုပ်တဲ့။
ယာယီ အပစ်ရပ်ထားရင် ရပြီ ပုံစံနဲ့ လုပ်ခဲ့
တဲ့ ဝ နဲ့ မိုင်းလား ဟာ လွတ်မြောက်နယ်မြေ
ဖြစ်လာတယ်။

ဒါတောင် KIA နဲ့ KNU ပါ မပါးနပ်ခဲ့လို့။
မဟုတ်ရင်တော့ ကရင်နဲ့ ကချင် မှာ လည်း
ဝ နဲ့ မိုင်းလားလို လွတ်မြောက်နယ်မြေ တွေ
ပေါ်ပေါက်သွားနိုင်တယ်။

အခုတော့ အဲဒီလွတ်မြောက်နယ်မြေတွေဖြစ်တဲ့
ဝ နဲ့ မိုင်းလား ဟာ ၁၀၂၇ ရန်သူ ထိုးစစ်ရဲ့
သောင်းကျန်းသူတွေ မွေးဖွားရာ ဗဟိုဌာနချုပ်ကြီး
ဖြစ်လာတယ်။လက်နက်တွေ နဲ့ သောင်းကျန်းသူ
တွေ ဟာ မိုးပေါ်က ကျလာတာ မဟုတ်ဘူး။
အဲဒီကနေ မွေးဖွားလာတာ ဖြစ်တယ်။

ထွန်းမြတ်နိုင် ဖုန်တာရွှင် နဲ့ TNLA ခေါင်းဆောင်
တွေ ဟာ လည်း ဝ နဲ့ မိုင်းလား မှာပဲ ရှိနေကြ
တယ်။

ဒါဟာ တစ်ချိန်က ငြိမ်းချမ်းရေးကို ဆေးမြီတိုနဲ့
ကုခဲ့မိရာက စခဲ့တဲ့ပြဿနာပါ၊ သင်ခန်းစာယူသင့်
တယ်။

ဘာလုပ်သင့်သလဲ လို့ အကြံပြုရရင်တော့
မော့ဆက်က နာဇီခေါင်းဆောင် အိုင်ခမန်ကို
အာဂျင်တီးနား အထိ သွားဖမ်းခဲ့တာ သတိရ
မိတယ်။

ကိုယ်ကတော့ ဖမ်းလာစရာ မလိုပါဘူး။

နောက်တစ်ချက် အကြံပေးချင်တာက
MNDAA TNLA NDAA
တို့ဟာ တရုတ်ပြည်ကို မျက်နှာမူပြီ
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ၊
လောင်းကစားလုပ်ကာ တရုတ်ပြည်မကြီးကို
အမြတ်ထုတ်နေမှု နဲ့ တရုတ်ဘက်က
မျိုးနွယ်စု တူ လူမျိုးတွေနဲ့ ပေါင်းပြီး တရုတ်ပြည်ကနေ
ခွဲထုတ်ဖို့ ကြိုးပမ်းနေမှု  တွေကို တရုတ်ပြည်မ
ကြီး ထံ ချပြဖို့ လိုတယ်။

ဒါမှသာ မြန်မာအပေါ်ကျရောက်နေတဲ့
ဖိအားတွေ စိန်ခေါ်မှု ပြဿနာတွေ ကို
လျော့ချ ဖြေရှင်းနိုင်မှာ ဖြစ်တယ်။

Crd#

Post a Comment

Previous Post Next Post