ကျုပ်တို့စည်းလုံးမှနိုင်ငံကျန်မယ်

ခစတ(၁၀၀၆)
ကျသွားပါပြီ
နင်လားငါလားရင်ဆိုင်တိုက်ခိုက်လို့တို့
သာလွန်အင်အားတို့ဆိုတာထက်
အင်အားတစ်ဝက်လောက်က
လက်နက်ချသူချ
ဘက်ပြောင်းသူပြောင်းနဲ့မို့
အမြန်ကျသွားရတာပါ
ဒါလည်းသိပ်တော့မထူးဆန်းပါ
ပယ်/ရန်/ဖုန်အုပ်စုမှာ
ခေါင်းဆောင်ပိုင်းတွေကသာ
မတူညီကြပေမယ့်
ငယ်သားတွေကတော့
လူရင်းအချို့ကလွဲပြီး
ဟိုဘက်ရောက်လိုက်
ဒီဘက်ရောက်လိုက်
ဖြစ်နေကျပါပဲ

ပြည်သူ့စစ်လုပ်ဖို့ခေါ်ထားတဲ့ဗမာအင်အားသောင်းဂဏန်းဟာလည်း
လက်နက်စွန့်သူစွန့်ပြေးသူပြေးနဲ့
အင်အားမရှိသလောက်ဖြစ်သွားတာကြာပြီ
(ဒီအကြောင်းနောက်မှရေးပါမယ်)

တရုတ်ကစစ်ပွဲကြာလာတာကိုစိတ်မရှည်တာရယ်
နိုင်ငံတကာစေ့စပ်သူတွေကြားဝင်လာမှာစိုးတာရယ်ကြောင့်
မြို့ပျက်ရင်လည်းပြန်ဆောက်ယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်ပုံရပါတယ်
လောက်ကိုင်ကိုရပြီးရင်တရုတ်ကိုယ်စားလှယ်မြန်မာပြည်လာနိုင်တယ်
ဒါမှမဟုတ်ရင်မြန်မာကိုယ်စားလှယ်ကိုဖိတ်ခေါ်နိုင်တယ်
ငြိမ်းချမ်းမှုထိန်းသိမ်းရေးကိုအကြောင်းပြပြီး
မြန်မာကတန်ပြန်ထိုးစစ်/လေကြောင်းတိုက်ခိုက်မှုမပြုနိုင်အောင်
သံတမန်ရေးနည်းလမ်းနဲ့ထိန်းချုပ်ထားနိုင်တယ်
(တည့်တည့်ပြောရရင် ခြိမ်းခြောက်ထားနိုင်တယ်)
ဒီထက်ပိုရင် သူ့တပ်တွေကို peace keeping forces အနေနဲ့ အင်အားအနည်းငယ်ကိုတောင်
လောက်ကိုင်မှာချထားနိုင်တယ်
လောက်ကိုင်နဲ့၁၀မိုင်လောက်ကို
No fly zoneလည်းလုပ်သွားနိုင်တယ်
အခုတောင်မှ လက်နက်ကြီးကျွမ်းကျင်သူတွေ
(တပ်မှူးအဆင့်ထိ)
လောက်ကိုင်ပတ်လည်တောင်ကုန်းတွေပေါ်ကနေ
ပစ်မှတ်တွေလာရွေးပေးနေတဲသတင်းတွေရနေတယ်

ခုခေတ်မှာ
မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း
ဆီးရီးယားစစ်
ယူကရိန်းစစ်တွေက
သက်သေပြပြီးပါပြီ

ဒါဆိုရင်ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတိအလင်းစော်ကားချိုးဖောက်ခြင်းဖြစ်သွားပြီ

လောက်ကိုင်ကအခုအတိုင်းဆိုအနှေးနဲ့အမြန်ကျမယ်ဆိုတာအားလုံးခန့်မှန်းမိနေပါပြီ
ဒကစပဲကွက်ကွက်ကလေးကျန်နေပေမယ့်
အဲဒီကစစ်သည်တွေရဲ့သတ္တိသွေးကို
စောင့်ကြည့်မှတ်တမ်းတင်ရမယ့်ပွဲပါ

ရှေ့ဆုံးကနေတက်လာမယ့်
ရန်သူ့ယူနီဖောင်းဝတ်ထားတဲ့
အညာသားလေးတွေနဲ့
တပ်မတော်ကအညာသားတွေ
ရင်ဆိုင်ရမယ့်အချိန်ပေါ့

တကယ်တော့ဒီစစ်ဟာ
ခေတ်သစ်ကျူးကျော်စစ်ပုံစံတစ်မျိုးပါပဲ
တရုတ်ရဲ့စစ်အင်အားနဲ့
မြန်မာကိုဝင်တိုက်လာရင်ရော
ဘယ်လိုတားဆီးမလည်း

အမေရိကန်ကအာဖကန်အီရတ်ဆီးရီးယား
ရုရှားကယူကရိန်းကိုချဲ့ထွင်နေချိန်
အဆင့်၃တရုတ်ကရောဘာလုပ်မလည်း

အမေရိကန်ကရေနံအတွက်
ရုရှားကအနောက်ဘက်ထွက်ပေါက်
နဲ့Nordstream လိုပိုက်လိုင်းတွေလုံခြုံရေးအတွက်
စစ်တိုက်နေချိန်မှာ တရုတ်အတွက်လည်းသူ့ရဲ့အနောက်ဘက်ထွက်ပေါက်အကျိုးစီးပွါးနဲ့
ပိုက်လိုင်းအတွက်ဘုန်းလက်ရုံးဆန့်တန်းပြဖို့လိုလာတယ်

နိုင်ငံကြီးတွေနဲ့ဆက်ဆံရေးရှိပြီးကြည်းရေလေအစုံရှိတဲ့တပ်ကိုထိန်းရတာထက်
သူ့အပေါ်အလုံးစုံမှီခိုနေရတဲ့EAOsတွေကိုထိန်းရခြင်းကသူ့အတွက်ပိုပြီးလွယ်ကူသက်သာတယ်

သတ္တုနဲ့သယံဇာတပေါတဲ့မြန်မာနိုင်ငံမြောက်ပိုင်းကိုလွှမ်းမိုးချုပ်ကိုင်ထားရခြင်းကဘယ်လောက်အကျိုးအမြတ်ရှိတယ်ဆိုတာတရုတ်လောက်သိသူရှိပါဦးမလား

ဒီနေရာမှာစစ်ကိုမျှော်နေတဲ့သူအချို့ကို
ပြောချင်တာကတော့
စစ်ပွဲဖြစ်လာရင်အားလုံးအတူတူဆုံးရှုံးရတယ်ဆိုတာ ကောလင်း၊လွိုင်ကော်အပါအဝင်စစ်ဖြစ်တဲ့နေရာတွေကသက်သေပြပြီးပါပြီ

ဒါပေမယ့်
ဘယ်လိုအခြေအနေမျိုးနဲ့ဆက်ကြုံရပါစေ
ကျုပ်တို့စည်းလုံးမှနိုင်ငံကျန်မယ်
အနောက်ဘက်မှာကြိတ်ပျော်နေသူတွေ
အချိန်ကောင်းကိုပြုံးပြုံးကြီးစောင့်ကြည့်နေတယ်
သူတို့ကတော့တရုတ်လိုဆီဆွတ်မှာမဟုတ်ဘူး
သဘောပေါက်

crd.

Post a Comment

Previous Post Next Post