လောက်ကိုင်မှကယ်ထုတ်ခဲ့သည့် ထိုင်း ၅၀၀ ကျော်ထဲမှ သုံးပုံနှစ်ပုံသည်ငွေလိမ်ဂိုဏ်းအဖွဲ့ဝင်များဖြစ်နေဟု ထိုင်းရဲတပ်ဖွဲထုတ်ပြန်


နိုဝင်ဝင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်အထိတိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင်ပိတ်မိ‌သောထိုင်းနိုင်ငံသား ၅၂၅  ကို ထိုင်းရဲတပ်ဖွဲ့ကကယ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

လောက်ကိုင်မှာရှိသည့်အွန်လိုင်း ငွေကြေးလိမ်လည်မှု ဂိုဏ်းများ၏ လက်ကနေ ကယ်ထုတ်လာသဘ့် ထိုင်းနိုင်ငံသား ၅၀၀ ကျော်ထဲတွင် သုံးပုံနှစ်ပုံလောက်သည် အဲဒီ လုပ်ငန်းတွေရဲ့ ကြံရာပါ အဖွဲ့သားတွေ ဖြစ်တယ်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ကျန်သုံးပုံတစ်ပုံလောက်သာ အဲဒီဂိုဏ်းတွေရဲ့ လှည့်စား လူကုန်ကူးမှုကို ခံရပြီး အဓမ္မ ခိုင်းစေခံနေရတာ ဖြစ်တယ်လို့ ထိုင်းရဲချုပ် ဆူရာချတ်တီ ဟက်ခ်ပန်းနဲ့ ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်ဒေသ ရဲတပ်ဖွဲ့ အရာရှိတွေက ဆိုသည်။

ကယ်ဆယ်လာသူတွေထဲက ၁၇၄ ဦးသာရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်ခဲ့ပြီး ကျန်တာတွေကတော့ အလိုတူ အလိုပါ လှုပ်ရှားသူတွေ ဆိုတာကို ဖော်ထုတ်လာနိုင်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

သားကောင် ဖြစ်ခဲ့သူတွေကတော့ အွန်လိုင်းကနေ လိမ်လည် အလုပ်ခေါ်ယူမှုတွေကို ယုံစားမိရာက ဒုက္ခကြုံခဲ့ကြတာ ဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

အချုပ်အနှောင်ကနေ လွတ်ချင်ရင် ဘတ်ငွေ ၂ သိန်းကနေ ၇ သိန်းကြား ပေးချေဖို့ တောင်းဆိုတာ ခံရကြောင်း၊ အဲဒီငွေကြေးကို မပေးနိုင်ရင် အွန်လိုင်းနဲ့ ဖုန်းခေါ်ဆိုမှုတွေကနေ ငွေကြေးလိမ်လည်တဲ့ အလုပ်တွေမှာ ပါဝင်ဖို့ ဖိအားပေးခံရကြောင်း လွတ်မြောက်လာသူတွေက ပြောသည်။

ထိုင်းနိုင်ငံသားတွေက ငွေကြေးလိမ်လည်သည့် ဂိုဏ်းများနှင့် မည်ကဲ့သို့အချိတ်အဆက် ရသွားခဲ့သည်ဆိုသည်ကို ရဲချုပ် ဆူရာချတ်တီကထုတ်ဖော်ပြောခြင်းမရှိပါ။

လောက်ကိုင်ကနေ ကယ်ထုတ်လာသူတွေထဲမှာ ပြစ်မှုတွေအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူ ၂၀ လောက်ပါ ရောနှော ပါဝင်နေခဲ့တယ်လို့ သူက အတည်ပြုသွားခဲ့သည်။

Photo - Pha Maung Task Force
ကျားဖျင့်လုပ်ငန်းများမှ ထိုင်းနိုင်ငံသားတွေကိုသယ်ဆောင်လာတဲ့ကားကို စောင့်ကြိုနေတဲ့ထိုင်းစစ်တပ်နဲဲ့ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ ။
https://t.me/aerial2023/52249

Post a Comment

Previous Post Next Post