ဦးကိုကိုကြီးဦးဆောင်သည့်ပြည်သူ့ပါတီ(PP) ပါတီမှတ်ပုံတင်ခွင့်ရရှိ


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်း ဖြစ်၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲအစည်း ခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP)ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ရက်စွဲဖြင့်ကြေညာချက်အမှတ် ၅၄/၂၀၂၃ကို ထုတ်ပြန်ကြေညာရာတွင် ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၇)ဖြစ်သည်ဟုလည်း ရွေး/ကော်၏ ကြေညာချက်အရသိရှိရပါတယ်။

Post a Comment

Previous Post Next Post