အစရှ်ိပြီး....အဆုံးမရှိသေးသော


ရှမ်းမြောက်မှာ
တိုက်ပွဲတွေ ပြင်းထန်လာတော့မှာကို
တရုတ်ကြီးက ကြိုသိနေပြီထင်ပါတယ်။

ဒါကြောင့်
လောက်ကိုင်မြို့အပါအဝင်
တရုတ်နယ်စပ်မှာရှိတဲ့
သူ့တရုတ်နိုင်ငံသားတွေကိုအန္တရာယ်ရှိတယ်
ဘေးကင်းလုံခြုံရာမြန်မြန်ထွက်ခွာသွားကြဖို့
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေတဆင့်
သတိပေးလိုက်ပြီတဲ့။

ငြိမ်းချမ်းရေးဆွေးနွေးတုန်းကလည်း
တရုတ်ကြီးကကြားဝင်ဦးဆောင်ပြီး
သူ့တရုတ်နိုင်ငံမှာပဲဆွေးနွေးကြတယ်
ဒီဇင်ဘာ (၃၁)ရက်နေ့ထိ အပစ်ခတ်ရပ်စဲဖို့
သဘောတူညီထားကြတယ်

တပ်မတော်ဘက်ကတော့
ဆွေးနွေးပွဲရဲ့သဘောတူညီထားတဲ့အတိုင်း
အပစ်ခတ်ရပ်စဲပေးထားခဲ့ပေမယ့်
တစ်ဖက်က သဘောတူညီချက်ကို
လိုက်နာခြင်းမရှိခဲ့ဘူး။

အခု ဒီဇင်ဘာ (၃၁)လည်းရောက်တော့မယ်
တရုတ်ကြီးကလည်းသူ့လူမျိုးတွေကို
ဘေးလွတ်ရာရှောင်ခိုင်းနေပြီဆိုတော့
​ဒီဇင်ဘာ (၃၁)နောက်ပိုင်းရှမ်းမြောက်ရဲ့
စစ်ရေးအခြေအနေဟာ ပိုဆိုးလာတော့မယ့်
အနေအထားဖြစ်သွားပြီလို့ ယူဆနိုင်ပါတယ်။

Post a Comment

Previous Post Next Post