ဘာကို ရွေးမလဲ မောင်ရေခဲ


၁၉၆၈ ခုနှစ်၊ နှစ်ဆန်း  ၁ ရက်နေ့မှာ မြန်မာ့မြေထဲက
မုန်းကိုးတပ်စခန်းကို နော်ဆိုင်းဦးစီးတဲ့ ဗကပတွေဝင်
ရောက်သိမ်းပိုက်ရာမှာလည်း နောက်ပိုင်းမှာ တရုတ်
တပ်တွေပါလာတယ်။

အဲဒီနောက် မြန်မာ့တပ်မတော်နဲ့ ဗကပ တို့ရဲ့တိုက်ပွဲ
အသီးသီးမှာလည်း   ဗကပ ယူနီဖောင်း ပြောင်းဝတ်
ထားတဲ့ တရုတ်စစ်သားတွေပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်ကာလတွေအတွင်း ကျွန်တော်တို့
စစ်သားဘဝကလည်း ၁၉၈၈ မတိုင်ခင်အထိ တရုတ်
က ဗကပကို နည်းမျိုးစုံ  အကူအညီပေးသလို လိုအပ်
လာရင် ဗကပဘက္က ဝင်တိုက်ပေးပါတယ်။

ဗကပ ပြိုကွဲသွားပြီးနောက်ပိုင်း အခုလက်ရှိအင်အား
ကြီးလာတဲ့ EAO တွှေကိုလည်း နောက်ကွယ်ကနေ
ထောက်ပံ့ပေးပြီး နည်းမျိုးစုံနဲ့ ကြိုးကိုင်ကစားနေတယ်။

ဖုန်ကြားရှင်မသေခင်ဖြစ်ခဲ့တဲ့ လောက်ကိုင်စစ်ပွဲအပါ
အဝင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာလည်း တရုတ်
စနက်လုံးဝ မကင်းပါဘူး။

လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကတော့ တရုတ်ရဲ့ ဒရုန်းစစ်
ဆင်ရေးကို ကျွန်တော်တို့ တပ်မတော်သားတွေကို ရင်း
ပြီး လာရောက်စမ်းသပ်ခိုင်းသလားတောင် ထင်ရတယ်။

ဒီလောက် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာ
ကို တရုတ်လက်ချက်မဟုတ်ဘဲ ထိုင်ဝမ်လက်ချက်ပါလို့
လမ်းကြောင်းလွှဲပေးနေတဲ့ တရုတ်အလိုတော်ရိတွေက
ရှိသေးတယ်။

ဆိုတော့ ကျွန်တော်တို့ နိုင်ငံအပေါ် တရုတ်ကောင်းခဲ့
တာဆိုလို့ မရှိသလောက်ပါပဲလို့ ပြောချင်တယ်။

ခက္တာက မြန်မာပြည်ဟာ တရုတ်နဲ့ နယ်နမိတ်ထိနေ
တဲ့အတွက် အလွန်ခက်ခဲတဲ့ အခြေအနေဖြစ်တယ်။

ဥပမာ ထိုင်းနိုင်ငံဆိုရင် ကြားထဲမှာ လာအိုနိုင်ငံရှိနေတဲ့
အတွက် တရုတ္က တိုက်ရိုက်ဝင်စွက်ဖက်လို့အဆင် မ
ပြေဘူး။

ဒါ့ကြောင့် ကျွန်တော်ကတော့ တရုတ်နဲ့ နယ္နိမိတ္ထိ
စပ်နေတဲ့ ကချင်ဒေသ တချို့နဲ့ ရှမ်းမြောက်ဒေသတချို့
ကို အဲဒီတိုင်းရင်းသားတွေကို အပြီးပေးလိုက်ချင်တယ်။

သူတို့ နိုင်ငံထူထောင်မယ်ဆိုရင် ပိုတောင် ကြိုက်သေး
တယ်။

ဆိုလိုတာ တရုတ်နဲ့ ကျွန်တော်တို့ကြားမှာ ကြားခံတစ်
နိုင်ငံဖြစ်ဖြစ်၊ နှစ်နိုင်ငံဖြစ်ဖြစ် ရှိနေမယ်ဆိုရင် တရုတ်
က ကျွန်တော်တို့ကို အခုလောက် ဒုက္ခမပေးနိုင်တော့
ဘူးလို့ ထင်တယ်။

မြန်မာနဲ့ တရုတ်ကြားမှာ ကြားခံနိုင်ငံတစ်ခုခုရှိပြီဆိုတာ
နဲ့ ကျွန်တော်ကတော့ အမေရိကန်နဲ့ ပေါင်းပစ်လိုက်ချင်
တာပါပဲ။

ကျွန်တော်က အေနာက္လိုလားသူပါ။

ကျွန်တော်သာ နိုင်ငံရေးသမားဆိုရင် အဲဒီလိုအခြေအ
နေမျိုးရလာတာနဲ့ အနောက်နဲ့   အားတက်သေရာ ပူး
ပေါင်းပြီး    အရှေ့မြောက်နဲ့ မြောက်ဘက်ဒေသတို့မှာ
အမေရိကန်  စစ်စခန်းတွေ ဖွင့်လှစ်ခွင့်ပေးပစ်လိုက်မှာ
ပဲ။

ဘာမြ သောက်ကြီးသောက်ကျယ်တွေ ပြောမနေနဲ့။

ပြည်တွင်းသူပုန်ကိုတောင် နယ်မြေတွေပေးလိုက်ရတဲ့
အခြေအနေတွေရောက်နေတဲ့ ခင်ဗျားတို့ ကျုပ်တို့တိုင်း
ပြည်ဟာ အ်ိမ်နီးချင်းနိုင်ငံတွေကြားမှာ သောက်ပေါကြီး
ဖြစ်နေပြီ။

ကိုယ့်မှာအင်အားမရှိရင် အင်အားကြီးနိုင်ငံနဲ့ ပေါင်းရ
တာပါပဲ။

အေမရိကန္ကို ကောင်းလှချည်ရဲ့လို့ မပြောပေမဲ့ အရှေ့
မျှော်မျှော်၊ အနောက်မျှော်မျှော် တစ်ခုခုတော့ မျှော်ရတာ
ပါပဲ။

မျှော်တာချင်းအတူတူ သောက်ပေါက်စီလို သဲကြမ်းထည့်
ပြီး လမ်းဘေးက အေလ့က် ပေါက်ပန်းဈေးလို ဆက်ဆံခံ
ရမယ့်အစား အမေရိကန်လက်အောက် ဝင်လိုက်တာကမှ
လူလို သူလို နေရဦးမယ်။

ဘယ်သူ့မှ အားမကိုးချင်ဘူး ပြောရလောက်အောင် ခင်
ဗျားတို့နိုင်ငံခေါင်းဆောင်တွေက ဘယ်လောက်အားကိုး
ရလို့လဲ။

ခေတ်အဆက်ဆက် အောက်တန်းစားစိတ်ဓာတ်နဲ့ အုပ်
ချုပ်ခဲ့တော့  တိုင်းပြည်လဲ အဖတ်ဆယ်မရအောင် စုတ်
ပြတ်ကြေမွနေပြီ။

ကျုပ်ကတော့ တစ်သက်လုံးကောင်းကျိုးမပေးတဲ့ ပေါက်
စီကို အားကိုးမယ့်အစား ယန်းကီးကိုပဲ အားကိုးမယ်။

ဒါ ကျုပ်သဘောဆန္ဒပဲ။

#ရဲကျော်သူရ

Post a Comment

Previous Post Next Post