မန်းရွှေစက်တော်ဘုရားပွဲတော်ကို ယခုနှစ်တွင် (၆၄)ရက်ကြာကျင်းပမည်


မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အတွက် ကြိုတင် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားသို့ သွားရာလမ်းတစ်လျှောက်တွင် (Flower Box)ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် (Box Culvert) တံတားငယ်နှစ်စင်း တည်ဆောက်ခြင်း၊ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး မြေနေရာရှင်းလင်းခြင်း၊ လင်းနို့တောင် စတီးပန်းဆွဲများကို မြန်မာမှုရှေးမူလက်ရာမပျက်ပြုပြင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း (၈၀) ကြာ ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်သည် မြန်မာလ ဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို (၆၄)ရက်သာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရောက်ကြသူများအဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း (၈၀၀)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း(၄၀၀)ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများအား ညအိပ် တည်းခိုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။TA

Post a Comment

Previous Post Next Post