ဘေးဥပဒ်ကင်းပြီး အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို နိုင်ငံတကာသို့ တင်ပို့နိုင်အောင် မျှော်မှန်းဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် တိုက်တွန်း


==================================
ဝိသမ အဖျားပျောက်ဆေးကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါးများကို စနစ်တကျသုတေသနပြုလုပ်၍ အများပြည်သူ ယုံကြည်အားထားလာအောင် ဆောင်ရွက်ကြရန်နှင့် ဘေးဥပဒ်ကင်းပြီး အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာသို့ တင်ပို့နိုင်အောင် မျှော်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပခဲ့သော (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် တိုင်းရင်းဆေးပညာဦးစီးဌာနအနေနှင့် အစွမ်းထက်မြက်လှသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံ အခြေပြု ဆေးပညာမှသည် အထောက်အထားအခြေပြု ဆေးပညာအဖြစ်သို့
ရောက်ရှိအောင် သုတေသနများ တိုးမြှင့်လုပ်ဆောင်ရန်လည်း တိုက်တွန်းမှာကြားခဲ့ပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post